အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                            အောက်တိုဘာ ၂

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်မွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့၌ တာဝန်ထမ်း ဆောင်လျက်ရှိသည့် ဒုတိယဦးစီးမှူးများအနေဖြင့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဦးစီးဌာနများ၏ စစ်ဆေးစည်းကြပ်သည့် ဥပဒေ၊ နည်းဥပဒေများကို သိရှိပြီး မိမိတို့၏ လုပ်ငန်း တာဝန်များကို ကျွမ်းကျင်စွာလုပ်ဆောင်နိုင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ပြီး ရုံးလုပ်ငန်းများကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချခြင်းဖြစ် ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်ကြံရမည့် ဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲများ၊ ဦးစီးဌာနများမှ စစ်ဆေးစည်းကြပ်သည့် အလုပ်သမား ရေးရာဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ စနစ်တကျငွေကြေးသုံးစွဲမှုအတွက် ဘဏ္ဍာရေးစည်းမျဉ်းများ၊ လုပ်ငန်းဆိုင်ရာဘာသာရပ်များအား သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် ကြိုးကြိုး စားစားသင်ယူကြရန် လိုအပ်ကြောင်း၊ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်ဆိုင်ရာ အသိပညာရပ်များ ကို လက်တွေ့လုပ်ငန်းခွင်တွင် ကျင့်သုံးပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့် မိမိ၏စွမ်းရည် နှင့် ကျွမ်းကျင်မှုများကို မြှင့်တင်သွားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏အကျိုး၊ ဝန်ကြီးဌာန၏ အကျိုး အတွက် လူမှုဖူလုံရေးအဖွဲ့၏ ‌မျှော်မှန်းချက်ဖြစ်သည့် လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်သည့် စီမံကိန်းဖြစ်လာစေရန်နှင့် နိုင်ငံတကာအဆင့် လူမှုဖူလုံရေးစနစ်များကို အကောင် အထည်ဖော်နိုင်ရေးအတွက် ဝန်ထမ်းများအနေဖြင့် အရည်အချင်းပြည့်ဝကျွမ်းကျင်မှု၊ လုံ့လဝီရိယ နှင့် တာဝန်ကျေပွန်မှု၊ စိတ်ဓာတ်နှင့် စည်းကမ်းများကောင်းမွန်ပြီး အားသွန်ခွန်စိုက်လိုက်ပါ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒုတိယဦးစီးမှူး များ လုပ်ငန်းခွင်မွမ်းမံသင်တန်း သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

          အဆိုပါသင်တန်းကို လူမှုဖူလုံရေးအဖွဲ့ လက်အောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးခွဲများမှ ဒုတိယဦးစီးမှူး သင်တန်းသား (၇၅) ဦးတို့အား Hybrid Training ပုံစံဖြင့်    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ သင်တန်းကာလ (၁၀) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။