အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                         ဇန်နဝါရီ  

          အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) ဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသ ကြီးတို့ရှိ စက်မှုဇုန်များသို့ လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂ ရက် နေ့မှစတင်၍ နေပြည်တော်ကောင်စီရှိ ဝန်ကြီးဌာနများသို့လည်းကောင်း  ရွေ့လျားဆေးကုသ ယာဉ် (Mobile Medical Units) (၃) စီးဖြင့် လူမှုဖူလုံရေး အကျုံးဝင်အလုပ်သမားများအား အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

 ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်ဖြင့်  ရုံးအမှတ်(၅၁)၊ အလုပ်သမားဝန်ကြီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ အနေဖြင့်  (၄၅၀) ဦးကို လိုအပ်သော ဆေးဝါးကုသမှုများ၊ (၁၇၄) ဦး ကို  ဓာတ်ခွဲစစ်ဆေးမှုများ၊ (၄၂) ဦးကို နှလုံးအတွက် ECG  စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ၊ ဒုတိယဝန်ကြီး  ဦးဝင်းရှိန် နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့မှလူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အကျုံးဝင်အာမခံအလုပ်သမား ၁.၂ သန်းကျော်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု အတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီး (၃) ရုံ၊ မြို့နယ်လူမှု ဖူလုံရေးဆေးခန်း (၉၆) ခန်း၊ ဌာနကြီး ဆေးခန်း (၆၀) ခန်း၊ စာချုပ်ဆေးခန်း (၅၄) ခန်း၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု (Specialist OG OPD)ဆောင်ရွက်သည့် စာချုပ်ဆေးခန်း(၂၃) ခန်း၊ မီးဖွားဝန်ဆောင်မှုဆောင်ရွက်လျက်ရှိသော စာချုပ် ဆေးရုံ/သားဖွားခန်း (၁၂) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်းတို့ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေး လျက်ရှိပါသည်။             

          နေပြည်တော်ကောင်စီရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဖူလုံရေး အဖွဲ့ (ရုံးချုပ်)ရှိ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှ ဇန်နဝါရီလ ၁၅ ရက်နေ့ထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။