ရန်ကုန် ဒီဇင်ဘာ ၁၆
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဉီးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ရန်ကုန်အလုပ်သမား ဆေးရုံ ကြီး မှ ဆေးရုံအုပ်ကြီး ၊ ထန်းတပင် ဆေးရုံကြီးမှ ခေတ္တဆေးရုံအုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး ဦးစီးဌာန တာဝန်ခံ များလိုက် ပါလျက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ၂ စီးဖြင့် ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာစက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန်တို့မှ လူမှုဖူလုံရေး အကျုံးဝင် အလုပ် သမားများကို စက်ရုံအရောက် ကွင်းဆင်းဆေးကုသ ဝန်ဆောင်ပေးနေမှုကို ကြည့်ရှု အားပေးခဲ့ပါသည်။
ဒုတိယဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အား အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနဖြစ်စေရန်၊ အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု နှင့် ဥပဒေပါ အကျိုးခံစားခွင့်များကို အချိန်မီရရှိခံစားစေရေး စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အာမခံ အလုပ်သမား (၈၈၄,၁၈၇)ဦးရှိပြီး အကျုံးဝင်မြို့နယ်ပေါင်း ၁၁၆ မြို့နယ်နှင့် စက်ရုံ၊အလုပ်ရုံ၊ အလုပ်ဌာန ပေါင်း (၃၄,၅၇၉) ဌာနရှိ၍ အာမခံလုပ်သား (၁,၂၃၄,၁၉၂) ဦး ရှိပြီဖြစ်ကြောင်း။
အာမခံအလုပ်သမားများအနေဖြင့် အလုပ်သမားဆေးရုံကြီး (၃) ရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း (၉၆) ခန်း၊ ဌာန ကြီး ဆေးခန်း (၅၇) ခန်း၊ ပုဂ္ဂလိကနှင့် လူမှုဖူလုံရေးအဖွဲ့ ပူးပေါင်းဖွင့်လှစ်သည့် Provider Purchaser Split စနစ်ဖြင့် Fee For Service ဆေးခန်း (၁၂)ခန်း ၊ Capitation Payment ဆေးခန်း (၂၅)ခန်း၊သားဖွားမီးယပ် ဝန်ဆောင်မှု ဆေးခန်း (၈)ခန်း၊ တိုင်းရင်းဆေးခန်း (၁)ခန်းနှင့် ရွေ့လျားဆေးကုသယာဉ် (၂) စီးဖြင့်ဆေးကုသမှု ခံယူနိုင်ကြောင်း ၁၂-၁၂-၂၀၂၂ ရက် နေ့မှ စ၍ နေပြည်တော် ကောင်စီနယ်မြေတွင် အာမခံ အလုပ်သမားများရှိသည့် ပြည်ထောင်စုဝန်ကြီးဌာနများသို့ (Mobile Medical Unit) ၂ စီး ဖြင့် လှည့်လည် ဆေးကုသမှုပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် အားပေးကြည့်ရှုခဲ့ ကြောင်း။
လူမှုဖူလုံရေးအဖွဲ့မှ လုပ်သားအင်အားနှင့် စက်ရုံအလုပ်ရုံများပြားသည့် စက်မှုဇုန်ကြီး များသို့ ဦးစားပေး၍ ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်စက်မှုဇုန်များသို့လည်း ကွင်းဆင်း ဆောင်ရွက် သွားရန်ရှိကြောင်း အားပေးစကားပြောကြားခဲ့ပါ သည်။