နေပြည်တော် အောက်တိုဘာလ ၁၃
ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်းလာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်းသွား လာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လုပ်ငန်း ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အာဆီယံတွင် အာဆီယံအလုပ် သမားဝန်ကြီးများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး အာဆီယံအလုပ်သမား အရာရှိကြီးများ အစည်းအဝေးများတက်ရောက်၍ (၅)နှစ်တာ လုပ်ငန်းစီမံချက်များတွင် ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံနှင့် ညှိနှိုင်းဆောင်ရွက်နေသော လုပ်ငန်း များအနက် ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်းလာရောက် လုပ်ကိုင်သူများ ရွှေ့ပြောင်း သွားလာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့်သက်ဆိုင်သော လုပ်ငန်းများမှာ လုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းပြည်ပ အလုပ်အကိုင် ရရှိရေး၊ နိုင်ငံခြားသား အလုပ်သမားများကို ပြည်တွင်းအလုပ်အကိုင်များတွင် ခန့်ထားရေးတို့ ဖြစ်ပါကြောင်း၊
လုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ မလေးရှားနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ASEAN Year of Skills (2025) မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အတွင်း ကျွမ်းကျင်မှုကွာဟချက်များကို ဖော်ထုတ်သတ်မှတ်ကာ ဒေသတွင်း လိုအပ်သော ကျွမ်းကျင်မှုသင်တန်းများကို မျှဝေနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ASEAN Year of Skills (2025) ၏ National Training Week အနေဖြင့် UMFCCI နှင့်ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး ကျွမ်းကျင်မှုလေ့ကျင်ရေးသင်တန်းကျောင်းများမှာလည်း အမျိုးသားအဆင့် ကျွမ်းကျင်မှုလေ့ကျင့်ရေးရက်သတ္တပတ် ၂၀၂၅ (Myanmar National Training Week 2025) အဖြစ် သတ်မှတ်ကာ သင်တန်းကြေးအခမဲ့ဖြင့် (၁၄-၆-၂၀၂၅ မှ ၂၁-၆-၂၀၂၅) ထိ သက်မွေးဝမ်း ကျောင်းဆိုင်ရာ ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်ခဲ့ကြောင်း၊ အာဆီယံဒေသတွင်း ကျွမ်းကျင်မှု များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းကာ HRD Fund တစ်ခုထူ ထောင်နိုင်ရန် အောက်တိုဘာလ နောက်ဆုံးပတ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် HRD Fund အစည်းအဝေးတွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆွေးနွေးဆုံးဖြတ် သွားမည် ဖြစ်ကြောင်းမှာကြားခဲ့သည်။ ယနေ့အစည်းအဝေးတွင် အာဆီယံဒေသတွင်း ကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းမြှင့်တင်ရေးလုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီ တစ်ခုဖြစ်သော ကျွမ်းကျင်လုပ်သား များနှင့် စီးပွားရေးလုပ်ငန်းလာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု လွယ်ကူ ချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲ့စည်းနိုင်ရေး စုဖွဲ့မှုနှင့် လုပ်ငန်းတာဝန် သတ်မှတ်မှု၊ လုပ်ငန်းကော်မတီဝင် ဌာန/အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးပြီး စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

