အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ယော အတွင်းဝန် ဦးဖိုးလှိုင်လမ်း၊ အမှတ်(၃၃၉) ရှိ Ms Huang Xia (တရုတ်နိုင်ငံသား) ပိုင် YOYIKA Garment Co., Ltd အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ အချိန်ပိုကို ညလုံး ပေါက်ခေါ်ယူကြောင်း၊ အချိန်ပိုမဆင်းပါက အလုပ်ထွက်ရန် ဖိအားပေး ပြောဆိုကြောင်း၊ ထမင်းစာနားချိန်ကို ဒဿမများဖြင့် ဖြတ်တောက်ကြောင်း၊ ခွင့်ခံစားပါက ရက်မှန်ကြေး ဖြတ်တောက်ကြောင်း၊ လူမှုဖူလုံရေးထည့်ဝင်ကြေးကို ဆောလျင်စွာ ဖြတ်တောက်ကြောင်း သိရှိရပါသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ ၈-၇-၂၀၂၃ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ် သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပေါင်းစပ် အဖွဲ့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ မန်နေဂျာ၊ စကားပြန်နှင့် အလုပ် သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် ၂ ဦး၊ လိုင်းအလိုက်အလုပ်သမား(၂၅)ဦးတို့အား တွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များအရ အောက်ပါ တို့ကိုသိရှိရပါသည်-

          (က)   စက်ရုံမှ အချိန်ပိုခွင့်ပြုမိန့်ကို အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာနမှ တောင်းခံ၍ ခွင့်ပြုချက်ဖြင့် (၁၆:၃၀) နာရီမှ (၁၈:၃၀)နာရီအထိ လုပ်ကိုင်ကြောင်း၊ ညလုံးပေါက်မိုးလင်းသည်အထိ လုပ်ကိုင်ရခြင်းမရှိကြောင်း၊ အချိန်ပိုမဆင်းပါက အလုပ်ထွက်ရန် ဖိအားပေးပြောဆိုခြင်း၊ အလုပ်မှထုတ်ပယ် ခြင်းများ မပြုလုပ်ကြောင်းနှင့် ထမင်းစားနားချိန် နာရီဝက်အတွင်း ဒဿမများ ဖြင့် ဖြတ်တောက်ခြင်းမရှိကြောင်း၊

(ခ)     စက်ရုံတွင် ဥပဒေနှင့်အညီ ခွင့်များဖြစ်သည့်ရှောင်တခင်ခွင့်၊ ဆေးလက်မှတ် ခွင့်၊ လုပ်သက်ခွင့်နှင့် မီးဖွားခွင့်တို့ကို အခြေခံလစာဖြင့် ခံစားခွင့်ပြုထား ပါကြောင်း၊ ရက်မှန်ကြေး ကျပ် ၃၅၀၀၀ သတ်မှတ်ထားပြီး ဥပဒေပါ ခွင့်ရက်များနှင့် ခွင့်မဲ့တစ်ရက်ဖြစ်ပါက ကျပ် ၅၀၀၀ နှင့် နှစ်ရက်ခွင့်ယူပါက ကျပ် ၁၀၀၀၀ ရက်မှန်ကြေးမှ ဖြတ်တောက်သွားမည်ဖြစ်ပြီး သုံးရက်နှင့် အထက် ခွင့်ယူပါက ရက်မှန်ကြေးအားလုံး ဖြတ်တောက်သွားမည်ဖြစ်ကြောင်း နှင့် ရက်မှန်ကြေးပေးမည့်ပုံစံများကို အလုပ်သမားအားလုံးအား ကြိုတင်အသိ ပေးထားကြောင်း၊

 (ဂ)   အလုပ်သမားများ လုပ်ခလစာထုတ်ယူချိန်တွင် အခြေခံလစာမှ ၂ ရာခိုင်နှုန်း၊ အလုပ်ရှင်မှ ၃ ရာခိုင်နှုန်းနှင့်အတူ ၁၅ ရက်နေ့တွင် လူမှုဖူလုံရေးရုံးသို့ သွားရောက်၍ ဥပဒေနှင့်အညီ လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းကြောင်း။

YOYIKA Garment Co.,Ltd အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့်သတင်းဖော်ပြ ထားမှုများအပေါ် အလုပ်ရှင်နှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုများအရ မှန်ကန်မှု မရှိကြောင်း တွေ့ရှိရပါသည်။

အလုပ်သမားဝန်ကြီးဌာန