အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁။       ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ စက်မှုဇုန် (၅)၊ အနော်ရထာလမ်းမကြီး၊ အမှတ် (၁၁/၁၂)ရှိ Wan Xin Garment Co., Ltd အထည်ချုပ်စက်ရုံသို့ ၂၅-၈-၂၀၂၅ ရက်နေ့တွင် အလုပ်သမားရေးရာပေါင်းစပ်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။

၂။       ထိုသို့ ကွင်းဆင်းစစ်ဆေးချက်များအရ အောက်ပါအချက်များ မှန်ကန်မှုမရှိကြောင်း စိစစ် တွေ့ရှိရပါသည်-

စဉ် ပြင်ပသတင်းမီဒီယာများဖော်ပြချက်
(က)အလုပ်ရှင်ဘက်မှ အလုပ်သမားကို ဖိအားပေးပြီး အောလင်း၊ အောနိုက် အချိန်ပို အိုတီဆင်းခိုင်းခြင်း၊
(ခ )အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီဆင်းခိုင်းရန်အတွက် လုပ်ငန်းခွင်ထဲ လူမိုက်များနဲ့ ရဲခေါ်ပြီးအလုပ်သမားများကို ခြိမ်းခြောက်ဆင်းခိုင်းခြင်း၊
(ဂ )အလုပ်ရှင်ဘက်မှ အလုပ်သမားများ ချုပ်လုပ်နိုင်သော အထည်စံချိန်များထက် ကျော်လွန်တောင်းခံခြင်း၊
(ဃ)အလုပ်ရှင်ဘက်မှ အလုပ်သမားကိုယ်ဝန်ဆောင်များကို အလုပ် ထုတ်ပယ်ခြင်း၊
(င )အသက် ၁၄၊ ၁၅၊ ၁၆ နှစ်အရွယ်ရှိ လူငယ်၊ လူရွယ်အလုပ်သမားများ ၁၀၀ ဦးကိုလည်း လူကြီးအလုပ်သမားများဖြင့် တန်းတူစေခိုင်းခြင်း၊
(စ )ဖမ်းဆီးထားသောအလုပ်သမား ၂ ဦး အား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို ခဲ့ခြင်း။

၃။       စက်ရုံ၏ စတိုတာဝန်ခံနှင့် စတိုအလုပ်သမားတို့ကို ပိတ်လိပ်ပျောက်ဆုံးမှုအတွက် ရဲစခန်း မှ ခေါ်ယူစစ်ဆေးရာ အမှုမှန်ပေါ်ပေါက်ခဲ့ပြီး စက်ရုံ၏ အစီအစဉ်ဖြင့် ၁၅-၈-၂၀၂၅ ရက်နေ့တွင် အမှုပိတ်သိမ်း၍ မိသားစုထံပြန်လည်အပ်နှံပြီးဖြစ်ကြောင်း၊ အလုပ်သမားရေးရာပေါင်းစပ်အဖွဲ့ အနေဖြင့် စက်ရုံ၌ ဆေးပေးခန်းထားရှိရန်၊ သောက်သုံးရေ စစ်ဆေးချက်မှတ်တမ်းထားရှိရန်၊ အိမ်သာများ သန့်ရှင်းမှုရှိစေရေး အမြန်ဆုံးပြုပြင်ရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရန် တိုက်တွန်းထားရှိကြောင်း သတင်းရရှိပါသည်။

အလုပ်သမားဝန်ကြီးဌာန