အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ (၄)လမ်း၊ အမှတ် (၆)ရှိ Mr. Kim Kee Sang(ကိုရီးယားနိုင်ငံသား) ပိုင် Universal Apparel Co., Ltd အထည်ချုပ် စက်ရုံသည် ရက်သတ္တပတ်အလုပ်ပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့များတွင် အချိန်ပိုဆင်း ရပြီး အချိန်ပို (၈)နာရီတွင် အချိန်ပိုကြေး (၄)နာရီသာ ပေးချေသဖြင့် ကျန်ရှိသည့်အချိန်ပိုကြေး များကို ပြန်လည်တွက်ချက်ပေးစေလိုကြောင်း၊ အလုပ်သမားများ အချိန်ပိုမဆင်းပါက ကြီးကြပ် သူများမှ ဂရိတ်(အဆင့်)‌လျှော့ချခြင်း ဖိအားပေးခြင်းများရှိကြောင်း၊ ၁၂-၆-၂၀၂၃ ရက်နေ့တွင် စက်ရုံသို့ သက်ဆိုင်ရာဌာနများမှ လာရောက်စစ်ဆေးချိန်တွင် အလုပ်သမားများကို ဥပဒေ နှင့်အညီ အချိန်ပိုကြေးရရှိကြောင်းပြောဆိုရန် ကြိုတင်သင်ပေးထားပြီး WCC အဖွဲ့ဝင် အလုပ်သမားများနှင့် တစ်ခန်းထဲထားပြီးဖြေဆိုခိုင်းသဖြင့် အခြေအနေမှန်ကို တင်ပြနိုင် ခြင်းမရှိခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ ၈-၇-၂၀၂၃ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ် သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပေါင်းစပ် အဖွဲ့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ မန်နေဂျာ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် ၂ ဦး၊ လိုင်းအလိုက် အလုပ်သမား (၂၅) ဦးတို့အားတွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များအရ အောက်ပါတို့ကိုသိရှိ ရပါသည်-

(က)   အများပြည်သူအလုပ်ပိတ်ရက်နှင့် တနင်္ဂနွေပိတ်ရက်များတွင် အချိန်ပိုခေါ်ယူ သော်လည်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ ခွင့်ပြုချက် ကြိုတင်လျှောက်ထားရယူ၍ အများပြည်သူအလုပ်ပိတ်ရက်အတွက် အခြေခံ လစာ၏နှစ်ဆနှင့် ရက်သတ္တပတ်အလုပ်ပိတ်ရက် (တနင်္ဂနွေနေ့)များတွင် စက်ရုံမှ ‌ခေါ်ယူသော အလုပ်သမားများသာ အလုပ်ဆင်းရပြီး အလုပ်ဆင်းရသည့် နေ့ရက်များမှာ ၃၀-၄-၂၀၂၃ ရက်နေ့၊ ၂၈-၅-၂၀၂၃ ရက်နေ့နှင့် ၂၅-၆-၂၀၂၃ ရက်နေ့တို့ဖြစ်ပြီး ၂-၅-၂၀၂၃ ရက်နေ့၊ ၃၁-၅-၂၀၂၃ ရက်နေ့နှင့် ၂၈-၆-၂၀၂၃ ရက်နေ့များတွင် အခြေခံလုပ်ခလစာဖြင့် ရက်စားအနားပေးထားပါကြောင်း နှင့် အချိန်ပိုမဆင်းပါက ကြီးကြပ်သူများမှ ဂရိတ် (အဆင့်)‌လျှော့ချခြင်း ဖိအား ပေးခြင်းများမရှိကြောင်း၊

(ခ)     ၁၂-၆-၂၀၂၃ ရက်နေ့တွင် စက်ရုံသို့ သက်ဆိုင်ရာဌာနများမှ လာရောက် စစ်ဆေးချိန်တွင် အလုပ်သမားများကို ဥပဒေနှင့်အညီ အချိန်ပိုကြေးရရှိကြောင်း ပြောဆိုရန် ကြိုတင်သင်ပေးထားပြီး WCC အဖွဲ့ဝင် အလုပ်သမားများနှင့် တစ်ခန်းထဲထားပြီး ဖြေဆိုခိုင်းသဖြင့် အခြေအနေမှန်ကို တင်ပြနိုင်ခြင်းမရှိခဲ့ ကြောင်းနှင့်စပ်လျဉ်း၍ HR နှင့် စက်ရုံတာဝန်ရှိသူများမှခေါ်‌ပေးသူမဟုတ်ဘဲ မြို့နယ်ပေါင်းစပ်အဖွဲ့မှ အလုပ်သမားစာရင်းကြည့်၍ စိတ်ကြိုက် ရွေးချယ် ခေါ်ယူခဲ့သည့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ်များနှင့် လိုင်းအလိုက် အလုပ်သမားများ ကိုသာ စစ်‌ဆေးမေးမြန်းခဲ့ပြီး စစ်ဆေးမေးမြန်းချိန်တွင် စက်ရုံမှတာဝန်ရှိသူများ အနားတွင် ထားရှိခြင်းမရှိကြောင်း။

          Universal Apparel Co.,Ltd အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့် သတင်းဖော်ပြ ထားမှုများအပေါ် အလုပ်ရှင်နှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုများအရ မှန်ကန်မှု မရှိကြောင်း တွေ့ရှိရပါသည်။

အလုပ်သမားဝန်ကြီးဌာန