အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ ဇန်န၀ါရီ ၉ ရက်

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနာယက (ဒုတိယ၀န်ကြီး ဦးထင်အောင် ၏ ဇနီး) ဒေါ်ချိုချိုဝင်း ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူမြင့် ဦးဆောင်သော အဖွဲ့သည် ၉-၁-၂၀၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ နေပြည်တော် တွင် ဖွင့်လှစ် ထားသော မေတ္တာစမ်းရေဆေးခန်း သို့ လာရောက်ပြသသော ကိုယ်ဝန်ဆောင် မိခင် (၈၀) ဦးတို့အား အာဟာရယူနစ်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။