အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Month: ဩဂုတ် 2016

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိ လာမည့် မြန်မာအလုပ်သမားများ၏(၁၈.၈.၂၀၁၆)ရက်နေ့တွင်နာက်ဆုံးရအမည်စာရင်း

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသို့ ၁၉.၈.၂၀၁၆ ရက်နေ့တွင်လေကြောင်းခရီးဖြင့်ပြန်လည်ရောက်ရှိလာမည့်မြန်မာအလုပ်သမား (၁၃၈)ဦး၏ အမည်စာရင်းကို (၁၆.၈.၂၀၁၆)ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားခဲ့ရာ ၄င်းအမည်စာရင်းပါအမှတ်စဉ် (၁၃၈)၏ အမည်စာရင်း တစ်ဦးပြောင်းလဲမှုအား (၁၈.၈.၂၀၁၆)ယနေ့ထုတ်ပြန်ထားသော အမည်စာရင်းတွင် အပြည့်အစုံကြည့်ရှုနိုင်ပါသည်။[download id=”864″]

မလေးရှားနိုင်ငံမှ တတိယအကြိမ် မြန်မာအလုပ်သမား (၁၃၈)ဦးအား MAI လေယာဉ်ဖြင့် ပြန်လည်ခေါ်ယူခဲ့ခြင်း

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း (၁၁)ခုတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများ အနက် မြန်မာနိုင်ငံသို့ပြန်ရန် လေယာဉ်စရိတ်မတတ်နိုင်သူ C of I ရရှိပြီးသည့် မြန်မာနိုင်ငံသား (၁၃၈)ဦးအား ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံမှ ၁၇-၈-၂၀၁၆ ရက်နေ့တွင် တတိယအကြိမ်ပြန်လည်ခေါ်ဆောင်ခဲ့ပါသည်။[download…

မလေးရှားနိုင်ငံ ရှိ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသို့ (၁၉-၈-၂၀၁၆) ရက်နေ့တွင် ပြန်လည်ရောက်ရှိ လာမည့် အလုပ်သမားများစာရင်း

မလေးရှားနိုင်ငံ ရှိ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသို့ ၁၉-၈-၂၀၁၆ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာမည့် မြန်မာအလုပ်သမား(၁၃၈)ဦး၏ အမည်စာရင်း [download id=”861″]

မလေးရှားနိုင်ငံ ရှိ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသို့ (၁၇-၈-၂၀၁၆) ရက်နေ့တွင် ပြန်လည်ရောက်ရှိ လာမည့် အလုပ်သမားများစာရင်း

မလေးရှားနိုင်ငံ ရှိ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသို့ ၁၇-၈-၂၀၁၆ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာမည့် မြန်မာအလုပ်သမား(၁၃၈)ဦး၏ အမည်စာရင်း [download id=”860″]

ထိုင်းနိုင်ငံဘက်မှ ထုတ်ပေးထားသော (TR-38 ခေါ် ဘတ်ကတ်) ကိုင်ဆောင်ထားသော အလုပ်သမားများအား သာမန်နိုင်ငံကူးလက်မှတ် (CI)ထုတ်ပေးနိုင်ရေးအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။        ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေပြီး ထိုင်းနိုင်ငံဘက်မှ ထုတ်ပေးထားသော ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (TR-38 ခေါ် ဘတ်ကတ်) ကိုင်ဆောင်ထားသော အလုပ်သမားများအား သာမန်နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) ထုတ်ပေးနိုင်ရေးအတွက် ဘန်ကောက်၊စမုစခွန်(မဟာချိုင်)၊စမုပရာကန်၊မဲဆိုင်၊မဲဆောက်နှင့် ရနောင်းမြို့တို့တွင်…

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာအလုပ်သမား(၁၃၇) ဦးအား ဒုတိယအကြိမ် ပြန်လည်ခေါ်ယူ ခဲ့ခြင်း

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း (၁၁)ခုတွင်ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအနက် မြန်မာနိုင်ငံသို့ပြန်ရန်လေယာဉ် စရိတ်မတတ်နိုင်သူ C of I ရရှိပြီးသည့် မြန်မာနိုင်ငံသား (၁၃၇) ဦးအား ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံမှ ၁၂-၈-၂၀၁၆ ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည်…

CMPလုပ်ငန်းများကြီးကြပ်‌ရေးကော်မတီ ၏အထောက်အကူပြုဆပ်ကော်မတီများ ပြန်လည်ဖွဲ့စည်းရန် အစည်းအဝေး ကျင်းပခြင်း

၂၀၁၆ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ၁၄း၀၀ နာရီတ်ငင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းဝေးခန်းမ၌ CMPလုပ်ငန်းများကြီးကြပ်‌ရေးကော်မတီ ၏ အထောက်အကူပြုဆပ်ကော်မတီများ ပြန်လည်ဖွဲ့စည်းမည့် အစည်းအဝေးတစ်ရပ်ကိုကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအစည်းအဝေသို့ CMPလုပ်ငန်းများကြီးကြပ်‌ရေးကော်မတီ ဥက္ကဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး…

အလုပ်သမားများ ဥပဒေပါ အကျိုးခံစားခွင့် ရရှိရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပျက် စစ်ဆေးစည်းကြပ် ဆောင်ရွက်ပေးလျက်ရှိ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်လက်ထက် ၂၀၀၆ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့ထိ ဥပဒေနှင့်အကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံများအနက်မှ ၄၈၉၈ ရုံရှိ အလုပ်သမား ၂၀၅၈၉၀ ဦးနှင့် ဆိုင်နှင့် အလုပ်ဌာနပေါင်း…

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန် သံအမတ်ကြီးနှင့် လက်ခံတွေ့ဆုံခြင်း

     အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန် သံအမတ်ကြီး H.E Steve Marshall အား သြဂုတ်လ (၁၁)ရက်နေ့ နေ့လည် (၁၂:၀၀) နာရီတွင် ရုံးအမှတ် (၅၁)ရှိ အဆိုပါဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။…

မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမား (၁၃၈) ဦးအား MAI လေယာဉ်ဖြင့် ပြန်လည်ခေါ်ယူခဲ့ခြင်း

မလေးရှားနိုင်ငံရှိထိန်းသိမ်းရေးစခန်း(၁၁)ခုတွင်ဖမ်းဆီထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအနက် မြန်မာနိုင်ငံသို့ပြန်ရန် လေယာဉ်စရိတ် မတတ်နိုင်သူ C of I ရရှိပြီး မြန်မာနိုင်ငံသား (၁၃၈)ဦးအား ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းအစီအစဉ် အရ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း MAI လေယာဉ်ဖြင့် ၈.၈.၂၀၁၆ ရက်နေ့…