၂၀၁၆ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ၁၄း၀၀ နာရီတ်ငင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းဝေးခန်းမ၌ CMPလုပ်ငန်းများကြီးကြပ်ရေးကော်မတီ ၏ အထောက်အကူပြုဆပ်ကော်မတီများ ပြန်လည်ဖွဲ့စည်းမည့် အစည်းအဝေးတစ်ရပ်ကိုကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါအစည်းအဝေသို့ CMPလုပ်ငန်းများကြီးကြပ်ရေးကော်မတီ ဥက္ကဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယ ဥက္ကဌစက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီဝင်များ၊ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဥက္ကဌနှင့်မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဌတို့တက်ရောက်ခဲ့ကြပါသည်။ [download id=”858″]

