အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ဦးဆောင်သောအဖွဲ့နှင့် ထိုင်းနိုင်ငံ၊ အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီး General Surasak Karnjanart ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၂-၅-၂၀၁၅ ရက်နေ့၊(၁၀:ဝ၀) နာရီ တွင်နေပြည်တော်၊ Horizon Lake View Resort ဟိုတယ်၌ မြန်မာ-ထိုင်း အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။
အဆိုပါညှိုနှိုင်းအစည်းအဝေးတွင် အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်နှင့် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး ဌာန၊ဝန်ကြီး General Surasak Karnjanart တို့ကအမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဌာန ဆိုင်ရာအကြီးအကဲများ၊ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနဝန်ကြီးဦးဆောင်သောကိုယ်စားလှယ်များ နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်သံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

[download id=”381″]