အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် သည် ၁၈-၅-၂၀၁၅ရက်နေ့တွင် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပပြုလုပ်သည့် အလုပ်သမားဥပဒေပြင်ဆင်ခြင်းနှင့် အသင်းအဖွဲ့စွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာ ပါဝင်သက်ဆိုင်သူ များဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ ဥပရောပသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဒုတိယဝန်ကြီး ဦးထင်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်ရေးရာနှင့် အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ဌာနဆိုင်ရာတာဝန် ရှိသူများအလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းအသီးသီးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

[download id=”378″]