နေပြည်တော် ဧပြီ ၃၀
၁။ ၂၀၁၉ ခုနှစ်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ရာပြည့်နှစ်အထိမ်းအမှတ်အခမ်းအနားကို အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအလိုက်ကျင်းပရာတွင် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ILO၊ ရန်ကုန်နှင့် ပူးပေါင်း ၍ ILO ရာပြည့်ဆောင်းပါးပြိုင်ပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲကို ကျင်းပမည်ဖြစ်ပါသည်။
၂။ ဆောင်းပါးပြိုင်ပွဲခေါင်းစဉ်မှာ မြန်မာဘာသာဖြင့် “ILO ရာပြည့်မှစ သင့်လျော်ကောင်းမွန် သော အလုပ်အကိုင်တိုးမြင့်ရေးနှင့် လူမှုတရားမျှတရေး မြှင့်တင်ဆောင်ရွက်ကြ” ဖြစ်သည်။
၃။ ပြိုင်ပွဲဝင်လိုသူများသည် အောက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယှဉ်ပြိုင် လျောက်ထားရမည်-
(က) စာမူကို ကွန်ပျူတာဖြင့်ဖြစ်စေ၊ လက်ရေးဖြင့်ဖြစ်စေ၊ စာမျက်နှာတစ်ဖက်တည်း တွင် စာလုံးရေသုံးထောင်မှ ငါးထောင်အတွင်း ရေးသားရန် ( Pyidaungsu Font Size 13)၊
၄။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)၊ နေပြည်တော်၊ ဆောင်းပါးပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူးထံသို့ ပြိုင်ပွဲဝင် စာမူများကို ယခင်ထုတ်ပြန်ကြေညာထားသည့် မေလ ၆ ရက်နေ့၊ အစား မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပေးပို့ရပါမည်။
၅။ ပြိုင်ပွဲဆုများအဖြစ် ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် သုံးသိန်း၊ တတိယဆု ငွေကျပ် နှစ်သိန်း၊ နှစ်သိမ့်ဆု/ အထူးဆု ငါးဆုအတွက် တစ်ဆုလျှင် ၁ သိန်းကျပ် သတ်မှတ်ထား ပြီး ဆုရသူများကို မေလနောက်ဆုံးပတ်တွင် ရန်ကုန်၌ ကျင်းပမည့် Centenary Launch Event အခမ်းအနားတွင် ဆုချီးမြှင့်မည်ဖြစ်သည်။
၆။ ရွေးချယ်ခြင်းမခံရသည့်စာမူများကို ပြန်လည်ပေးပို့မည်မဟုတ်ပါ။
၇။ ဆောင်းပါးပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဒေါ်တင်မာထွေး၊ အတွင်းရေး မှူး၊ ဆောင်းပါးပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ ဖုန်း-၀၆၇-၄၃၀၀၉၀ ကို ဆက်သွယ်စုံစမ်း နိုင်သည်။

