အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာမြို့နယ်ပေါင်းစပ်အဖွဲ့မှ ၂၉-၁၀-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၃၊ ပုလဲလမ်းမကြီး၊ အမှတ် ၁၁၃/B၊ CHI MEI INTERNATIONAL Co., Ltd အထည်ချုပ်စက်ရုံ (CMP မဟုတ်) သို့ သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာတွင် WCC အဖွဲ့ဝင် အလုပ်သမား ကိုယ်စားလှယ် (၁) ဦးနှင့် စက်ရုံတာဝန်ရှိသူများမှ ခေါ်ယူပေးသူများမဟုတ်ဘဲ မြို့နယ်ပေါင်းစပ်အဖွဲ့မှ စိတ်ကြိုက်ခေါ်ယူခဲ့သည့် အလုပ်သမား (၂၆) ဦး ပေါင်း (၂၇) ဦး တို့အား တွေ့ဆုံမေးမြန်းခဲ့ရာ ၉/၂၀၂၅ လအတွင်း စက်ရုံအား ယာယီပိတ်သိမ်းထားခြင်း မဟုတ်သော်လည်း အော်ဒါအခက်အခဲကြောင့် အလုပ်သမား များအားလုံး အနားပေးထားခြင်း မရှိဘဲ ၉-၉-၂၀၂၅ ရက်နေ့မှ ၂၅-၉-၂၀၂၅ ရက်နေ့အတွင်း အလုပ်သမား ကျား (၁၁၇) ဦး၊ မ (၂၄၀) ဦး၊ ပေါင်း (၃၅၇) ဦးတို့အား ဒေးကြေး ၄,၈၀၀/- ကျပ်၊ အစိုးရသတ်မှတ် ထောက်ပံ့ကြေး ၂,၀၀၀/-ကျပ် ပေးချေ၍ အနားပေးထားမည်ဖြစ်ပြီး ၈-၁၀-၂၀၂၅ ရက်နေ့တွင် အလုပ်ပြန်တက်ရန်နှင့် ခွင့်တိုင်ကြားမှုမရှိဘဲ ပျက်ကွက်ပါက Resign အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်းနှင့် အနားပေးထား သည့် ရက်များအတွက် ရက်မှန်ကြေးနှင့် ဂရိတ်ကြေးပေးချေခြင်း မရှိသည်ကို အလုပ်သမားများမှ သဘောတူလက်မှတ်ရေးထိုးထားရှိကြောင်း၊ ၉-၉-၂၀၂၅ ရက်နေ့မှ ၂၅-၉-၂၀၂၅ ရက်နေ့အတွင်း အနား ပေးထားသည့် အလုပ်သမားများအား ၈-၁၀-၂၀၂၅ ရက်နေ့တွင် အလုပ်ပြန်တက်ရန်နှင့် ခွင့်တိုင်ကြားမှု မရှိဘဲ ပျက်ကွက်ပါက Resign အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်းကို အလုပ်သမားများမှ သဘောတူ [i]လက်မှတ်ရေးထိုးထားရှိကြောင်း၊ ၂၅-၁၁-၂၀၂၅ ရက်နေ့တွင် အလုပ်တက်သည့် လုပ်သားဦးရေမှာ ကျား (၁၂၁) ဦး၊ မ (၅၄၈) ဦး၊ ပေါင်း (၆၆၉) ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

