အလုပ်သမားဝန်ကြီးဌာန၏ ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်
နေပြည်တော် ဖေဖော်ဝါရီ ၁၅ အလုပ်သမားဝန်ကြီးဌာန၏ ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ထမ်းများ ပျော်ရွှင်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းရေးဟူသော ရည်ရွယ်ချက်များဖြင့် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ယာဉ်ရပ်နားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။…

