ထိုင်းနိုင်ငံတွင်ရောက်ရှိနေသောအထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားများအတွက် ၃၀-၆-၂၀၁၄ ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံ၌ One Stop Service စခန်းများ ဖွင့်လှစ်၍ အထောက်အထားများထုတ်ပေးခဲ့ပါသည်။ အဆိုပါ အထောက်အထား ရရှိပြီးသူ အလုပ်သမားများသည် သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံသား အထောက် အထားများကိုဆက်လက်၍ ပြုလုပ်ရမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်ပြားများ လက်ဝယ် ကိုင်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံသားမှန်ကန်ကြောင်းနိုင်ငံသားစိစစ်မှု ကိုဆောင်ရွက် ရန်လိုအပ်ပါသည်။ ထို့ကြောင့်မြန်မာအလုပ်သမားများ အနေဖြင့် နိုင်ငံသားစိစစ်နိုင်ရန် သတ်မှတ်ထားသော အချက် ၂၇ ချက်ပါ ပုံစံကို အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ရေးသား၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တဆင့် လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသို့ပေးပို့ပေးမည်ဖြစ်ပါသည်။

