အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ ဖေဖော်ဝါရီလ ၄ ရက်

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အင်္ဂလိပ်စာစွမ်းရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နေပြည်တော် ၊ ရုံးအမှတ်(၅၁) စုဝေးခန်းမတွင် ၄-၂-၂၀၁၃ ရက်နေ့ နေ့လည် (၁၃းဝ၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့် တက်ရောက်၍အဖွင့်အမှာစကား ‌ပြောကြား ခဲ့ ပါသည်။
သင်တန်းဖွင့်ပွဲသို့ ဝန်ကြီးဌာန ရှိ ဦးစီးဌာန ၊ အဖွဲ့၊ ကော်မတီရုံးများမှ ညွှန်ကြားရေးမှူးချုပ်များ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းအား ဝန်ထမ်းများ အနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင်အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု တိုးတက်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင်မပျက် ဖွင့်လှစ်ပို့ချခြင်းဖြစ်ပြီး အရာထမ်းသင်တန်းသား (၃၀)ဦး ဖြင့် သင်တန်းကာလ မှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့မှ ဧပြီလ (၅)ရက်နေ့အထိ ရက်သတ္တပတ်(၉)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။