အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ အသစ်ပြဌာန်းမည့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး နှင့်ကျန်းမာရေးဥပဒေ(မူကြမ်း) ရေးဆွဲရေးအတွက် ညှိနှိုင်း အစည်းအဝေးအား (၂၉-၁-၂၀၁၃) ရက်နေ့ နေ့လည်(၁၂း၀၀)နာရီတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် မှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ(မူကြမ်း)ရေးဆွဲပြီးစီးမှုနှင့်ဥပဒေကျွမ်းကျင်သူ ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းရရှိခဲ့မှုအခြေအနေများအားပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြပါသည်။
အစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်၊ လူမှုဖူလုံရေးအဖွဲ့ဥက္ကဠ ဦးယုလွင်အောင်၊ အလုပ်ရုံနှင့် အလုပ် သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်း နှင့် ဦးစီးဌာန၊ အဖွဲ့၊ ကော်မတီရုံးများမှ တာဝန်ရှိသူများနှင့် ဥပဒေ ပညာရှင် များတက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

