ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်မည့်အလုပ်သမားများသိရှိရန်နှင့် ယာယီအကျိုးဆောင်လိုင်စင်ရအေဂျင်စီ များလိုက်နာရမည့် အချက်များ
- ပြည်တွင်းခရီးစရိတ်၊ စားစရိတ်နှင့် နေထိုင်စရိတ်တို့အတွက် ငွေကျပ်တစ်သိန်းထက်ပိုပြီး အလုပ် သမားထံမှမကောက်ခံရ။
- ကော့သောင်းမြို့နှင့်တာချီလိတ်မြို့ တို့မှတစ်ဆင့် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ အတွက် လေကြောင်း / ရေကြောင်း ခရီးစရိတ်အား သတ်မှတ်ထားသည့် ကုန်ကျစရိတ် အတိုင်း ကောက်ခံရမည်။
- မြန်မာနှင့်ထိုင်းနိင်ငံ နှစ်ဘက်စလုံးအတွက် အလုပ်သမားစေလွှွှတ်မှု လုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ကျစရိတ် ဘတ်(၁၀,၀၀၀) (ဘတ်တစ်သောင်း) ထက် ပိုမယူရ။
- အလုပ်သမားများ၏ နေထိုင်မှုအား အခမဲ့စီစဉ်ပေးရမည်။
- ထိုင်းနိုင်ငံသို့အလုပ်သမားစေလွှတ်ရန်အတွက်သတ်မှတ်ထား သောအေဂျင်စီများဖြင့်သာ ဆောင်ရွက်ရမည်။
- ယာယီအကျိုးဆောင်လိုင်စင်ရ ကုမ္ပဏီအနေဖြင့် ပွဲစားများနှင့် ဆက်သွယ်ပြီး အလုပ်သမား စုဆောင်းခြင်း၊ စေလွှတ်ခြင်းများကို ဆောင်ရွက်ခွင့်မပြုပါ။
(အထက်ပါအချက်များနှင့်မကိုက်ညီပါကအလုပ်သမားများမှလည်းတိုင်ကြားနိုင်ပြီး အဆိုပါ အေဂျင်စီများအား ဥပဒေအရ အရေးယူသွားမည်ဖြစ်ပါသည်။ )

