၁။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ စက်မှုဇုန် (၅)၊ အနော်ရထာလမ်းမကြီး၊ အမှတ် (၁၁/၁၂)ရှိ Wan Xin Garment Co., Ltd အထည်ချုပ်စက်ရုံသို့ ၂၅-၈-၂၀၂၅ ရက်နေ့တွင် အလုပ်သမားရေးရာပေါင်းစပ်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။
၂။ ထိုသို့ ကွင်းဆင်းစစ်ဆေးချက်များအရ အောက်ပါအချက်များ မှန်ကန်မှုမရှိကြောင်း စိစစ် တွေ့ရှိရပါသည်-
| စဉ် | ပြင်ပသတင်းမီဒီယာများဖော်ပြချက် |
| (က) | အလုပ်ရှင်ဘက်မှ အလုပ်သမားကို ဖိအားပေးပြီး အောလင်း၊ အောနိုက် အချိန်ပို အိုတီဆင်းခိုင်းခြင်း၊ |
| (ခ ) | အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီဆင်းခိုင်းရန်အတွက် လုပ်ငန်းခွင်ထဲ လူမိုက်များနဲ့ ရဲခေါ်ပြီးအလုပ်သမားများကို ခြိမ်းခြောက်ဆင်းခိုင်းခြင်း၊ |
| (ဂ ) | အလုပ်ရှင်ဘက်မှ အလုပ်သမားများ ချုပ်လုပ်နိုင်သော အထည်စံချိန်များထက် ကျော်လွန်တောင်းခံခြင်း၊ |
| (ဃ) | အလုပ်ရှင်ဘက်မှ အလုပ်သမားကိုယ်ဝန်ဆောင်များကို အလုပ် ထုတ်ပယ်ခြင်း၊ |
| (င ) | အသက် ၁၄၊ ၁၅၊ ၁၆ နှစ်အရွယ်ရှိ လူငယ်၊ လူရွယ်အလုပ်သမားများ ၁၀၀ ဦးကိုလည်း လူကြီးအလုပ်သမားများဖြင့် တန်းတူစေခိုင်းခြင်း၊ |
| (စ ) | ဖမ်းဆီးထားသောအလုပ်သမား ၂ ဦး အား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို ခဲ့ခြင်း။ |
၃။ စက်ရုံ၏ စတိုတာဝန်ခံနှင့် စတိုအလုပ်သမားတို့ကို ပိတ်လိပ်ပျောက်ဆုံးမှုအတွက် ရဲစခန်း မှ ခေါ်ယူစစ်ဆေးရာ အမှုမှန်ပေါ်ပေါက်ခဲ့ပြီး စက်ရုံ၏ အစီအစဉ်ဖြင့် ၁၅-၈-၂၀၂၅ ရက်နေ့တွင် အမှုပိတ်သိမ်း၍ မိသားစုထံပြန်လည်အပ်နှံပြီးဖြစ်ကြောင်း၊ အလုပ်သမားရေးရာပေါင်းစပ်အဖွဲ့ အနေဖြင့် စက်ရုံ၌ ဆေးပေးခန်းထားရှိရန်၊ သောက်သုံးရေ စစ်ဆေးချက်မှတ်တမ်းထားရှိရန်၊ အိမ်သာများ သန့်ရှင်းမှုရှိစေရေး အမြန်ဆုံးပြုပြင်ရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရန် တိုက်တွန်းထားရှိကြောင်း သတင်းရရှိပါသည်။
အလုပ်သမားဝန်ကြီးဌာန

