အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေး၊ မေ ၅ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့်တာဝန်ရှိသူများလိုက်ပါလျှက် မေလ ၅ ရက်နေ့ နံနက် ၁၁ နာရီတွင်မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်ရှိ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင်ရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိ သူများက လိုက်လံရှင်းလင်းတင်ပြကြပြီး သင်တန်းကျောင်းသင်တန်းခန်းမ၌ သင်တန်းကျောင်း တာဝန်ခံကကျွမ်းကျင်မှုနှင့်လုပ်ငန်းလိုအပ်ချက်များကိုရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကသင်တန်းများကိုစဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေးနှင့်အထက် မြန်မာပြည်ရှိ တိုင်းဒေသကြီး၊ပြည်နယ်များမှအလုပ်သမားများ တက်ရောက်နိုင်ရေးအတွက် တာဝန် ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ရေး၊ ကျွမ်းကျင်လုပ်သားများပေါ်ထွန်းလာရေးအတွက်တိုင်းဒေသကြီး အစိုးရနှင့်အခြားဌာနများ၊ ပြင်ပကုမ္ပဏီများနှင့်ချိတ်ဆက်ပူးပေါင်း ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးမှာကြား ကာလိုအပ်သည်များကိုညှိနှိုင်းဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင်ချမ်းအေးသာစံမြို့နယ် စုပေါင်းရုံးဝန်းအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မနောကြာဖြူ ခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ် များမှ ဝန်ထမ်းများအားတွေ့ဆုံရာ ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူးဦးတင်ချယ်က မန္တလေးတိုင်းဒေသကြီးအတွင်း သစ္စာစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ ကိုရှင်းလင်းတင်ပြသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့်ပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံဆောင်ရွက်ရသည့် ဌာနဖြစ်သည်နှင့်အညီ ပြည်သူကိုဗဟိုပြု၍ပြည်သူ့ဆန္ဒကိုအလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်သူ့အပေါ်ဆက်ဆံရေးကောင်းမွန်ပြီး လာဘ်ပေးလာဘ်ယူ မှုနှင့်အဂတိလိုက်စားမှုကင်းရှင်းရေးအတွက် အလေးထားဆောင်ရွက်ကြစေလိုကြောင်း ဌာန၏ လုပ်ငန်းများသည် ဥပဒေလုပ်ထုံးလုပ်နည်းများအပေါ် အခြေခံဆောင်ရွက်ရသဖြင့် လုပ်ငန်း ကျွမ်းကျင်ပိုင်နိုင်ရေးနှင့် တစ်ဦးချင်းစွမ်းဆောင်ရည်မြင့်မားရေး အတွက် အစဉ်လေ့လာဆည်းပူး ဆောင်ရွက်ကြရန် အရေးကြီးကြောင်း လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း စိစစ်မှုကြောင့် ကြန့်ကြာသင့်သည်ထက် ကြန့်ကြာမှုမရှိအောင် အချိန်နှင့် တစ်ပြေးညီ ပြီးစီးအောင်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း ဖြစ်ပေါ်ပြောင်းလဲနေသော ခေတ်စနစ်ကိုမျက်ခြေပြတ်မခံဘဲလေ့လာ သုံးသပ်ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းအချင်းချင်းအထက်အောက်အပြန်အလှန်လေးစား ယုံကြည်မှုဖြင့် ပေးအပ်သောတာဝန်များကို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းမှာကြားကာတင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အောင်မြေသာစံမြို့နယ်ရှိ မန္တလေးအလုပ်သမား ဆေးရုံသို ရောက်ရှိရာ ဆေးရုံအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်နွဲ့ဌေး က အလုပ်သမားဆေးရုံနှင့်ပတ်သက်သည့် အချက်အလက်များ လူမှုဖူလုံရေးအာမခံ လုပ်သားလူနာ များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးမှုအခြေအနေများကို ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးလုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးနှင့် အလုပ်ရှင်နှင့်အလုပ်သမားများအား ထိရောက်သောဝန်ဆောင်မှုများပေးနိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရေး၊ လူမှုဖူလုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း သုံးသပ်ဆောင်ရွက်ကြရေး၊ စက်မှုဇုန်များသို့ ကွင်းဆင်း၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားပြီးလိုအပ်သည် များညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအတွင်းရှိ ဆေးသိုလှောင်ခန်းများ၊ ပြင်ပလူနာ ဌာနနှင့်ဆေးကုသရေးဆိုင်ရာဌာနများ၊ ဓါတ်မှန်ခန်းနှင့်ခွဲစိတ်ခန်းအခြေအနေများကို လှည့်လည် ကြည့်ရှု့စစ်ဆေးပြီးလူနာဆောင်များ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသည့် လူနာများအား လှည့်လည်ကြည့်ရှု့အားပေးစကားပြောကြားကာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ငွေများပေးအပ် ခဲ့ကြောင်းသတင်းရရှိသည်။

check_2

ပြည်ထောင်စုဝန်ကြီးမှ ဆေးရုံတက်ရောက်ကုသမှုခံယူနေသော အာမခံ အလုပ်သမားတစ်ဦးအား ထောက်ပံ့ငွေ ပေးအပ်နေစဉ်