အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


အလုပ်အကိုင် ၄၂ မျိုးအတွက် ကျွမ်းကျင်မှုအဆင့် ၅၇ ခု

အပြည့်အစုံ


List of Assessor Accredited By NSSA

အပြည့်အစုံ


List of Inspector Accredited By NSSA

အပြည့်အစုံ


ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများ စာရင်း

အပြည့်အစုံ


မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့တွင် မှတ်ပုံတင်ထားသည့် သင်တန်းကျောင်းများ

အပြည့်အစုံ


၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း ဖြေဆိုသူနှင့် အောင်မြင်သူများစာရင်း

အပြည့်အစုံ

မန္တလေး၊ မေ ၅

၂၀၁၈ ခုနှစ်၊ မေလ ၅ ရက်နေ့၌ မန္တလေးမြို့၊ စက်မှုဇုန် (၁)၊ ကနောင်ခန်းမတွင် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းလုပ်သား ၅၀၀၀ ဦးစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်အရ အထက်မြန်မာ ပြည်ရှိစစ်ဆေးအကဲဖြတ်ရေးဌာနများတွင် အလုပ်အကိုင် (၁၁) မျိုးအတွက် ဖြေဆိုအောင်မြင် သည့် ကျွမ်းကျင်လုပ်သား ၁၄၈၈ ဦး၊ စစ်ဆေးအကဲဖြတ်ရေးဌာန ၈ ခုနှင့် စစ်ဆေးရေးမှူး ၁၅ ဦးကိုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကျင်းပရာ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ နှင့်အတူ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီနှင့် လုပ်ငန်းအလိုက် ကျွမ်းကျင်မှု “စံ”သတ်မှတ်ရေးကော်မတီမှ တာဝန်ရှိသူများ၊မန္တလေးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်း ဒေသကြီးစက်မှုဇုန်မှ တာဝန်ရှိသူများ၊ စစ်ဆေးရေးမှူးများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များစုစုပေါင်း၄၀၀ဦးတက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် NSSA အနေဖြင့်် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းလုပ်သား ၅၀၀၀ ဦးစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်အရအလုပ်အကိုင် (၁၈) မျိုးအတွက် လုပ်သား ၅၈၅၅ ဦးကိုစစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီးအောင်မြင်သူ (၅၁၆၄) ဦး ဖြစ်၍ အောင်မြင်မှုရာခိုင်နှုန်း (၈၈%) ရှိကြောင်း၊ လျာထားချက်ကျော်လွန်၍ စစ်ဆေးအကဲ ဖြတ်နိုင်ခဲ့ပြီး အထက်မြန်မာပြည်၌ အလုပ်အကိုင် (၁၁) မျိုးတွင် ဖြေဆိုအောင်မြင်သူ ကျွမ်းကျင် လုပ်သားကျား (၁၀၉၂) ဦး၊ မ (၃၉၆) ဦး၊ စုစုပေါင်း (၁၄၈၈) ဦးနှင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာန (၈) ခု၊ အလုပ်အကိုင် အလိုက်စစ်ဆေးရေးမှူး(၁၅)ဦး ကိုအသိအမှတ်ပြု လက်မှတ်များထုတ်ပေးမည်ဖြစ်ကြောင်း၊ လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာပုဂ္ဂလိကအဖွဲ့စည်းများ၊ ကျွမ်းကျင်သူများ၊ အစိုးရ၊ ပုဂ္ဂလိကသက်မွေးသင်တန်း ကျောင်းများနှင့် NSSA ပူးပေါင်းဆောင်ရွက်မှုသည် (Public Private Partnership-PPP) လုပ်ငန်းစဉ်ကိုပိုမိုပေါ်လွင်စေကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မြန်မာလုပ်သားထုဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတွင်းကျွမ်းကျင်လုပ်သားများရရှိရေးမူဝါဒများချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် အာဆီယံအသိုက်အဝန်းအတွင်း အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ခြင်း အသက်ဝင်လာမည်ဖြစ်ရာ ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်း လုပ်ကိုင်နိုင်ခြင်း(Free flow of Skilled Labour) ကြောင့် နိုင်ငံတွင်းရှိလုပ်သားများအနေဖြင့် ဒေသတွင်းနိုင်ငံများရှိလုပ်သားများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန်လိုကြောင်း၊ နိုင်ငံတွင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာသည်နှင့်အမျှ လုပ်သားများလုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံ ခံရမှုမရှိစေရေး၊ ထိုက်သင့်သောလုပ်ခလစာများရရှိရေး၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်များသည် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

ထိုနောက်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှလည်းပြောကြားခဲ့ကြပြီးစစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းစဉ်အရအလုပ်အကိုင် (၁၁) မျိုးတွင်ဖြေဆိုအောင်မြင်ခဲ့ကြသော လုပ်သား များအားကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ကို ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့်အတူတာဝန်ရှိတို့မှ အသီးသီးပေးအပ်ခဲ့ရာ ဆက်လက်၍ အလုပ်ရှင်တစ်ဦးနှင့် ဖြေဆိုအောင်မြင်သည့် လုပ်သားများ ကိုယ်စားလုပ်သားတစ်ဦးမှလည်း ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။