အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ၂၅-၈-၂၀၁၇
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၂/၂၀၁၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၅-၈-၂၀၁၇ ရက်နေ့၊ နံနက် ၁၀:၀၀ အချိန်တွင် အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေနှင့်အတူ ကော်မတီဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန် များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီမှ အဖွဲ့ဝင် များ နှင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြု လုပ်သည့် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၊ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အစည်းအဝေးသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၏ ဒုတိယအကြိမ်အစည်းအဝေးဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများတရားဝင်လမ်းကြောင်းမှ သွားရောက် နိုင်ရေးအတွက် ပြည်သူများအကြားသတင်းအချက်အလက်များဖြန့်ဝေခြင်း၊ အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်း၊ တရားမဝင်အလုပ်သမားများစေလွှတ်သော အေဂျင်စီ များကိုဥပဒေနှင့် အညီထိရောက်စွာအရေးယူခြင်း၊ UN/ INGO/ NGOများဖြင့် ပူးပေါင်း၍ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများကျင်းပပြုလုပ်ခြင်း၊အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း၊ ထိုင်းနိုင်ငံအစိုးရနှင့်နှစ်နိုင်ငံ အလုပ်သမား ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးများကျင်းပပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ အလုပ်သမားများကို အထောက်အထားများ ထုတ်ပေးခြင်းနှင့်အခြားကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထိုင်းနိုင်ငံအစိုးရအနေနဲ့ထိုင်းနိုင်ငံရောက် နိုင်ငံခြားသားအလုပ်သမားများနှင့်ပတ်သက်၍ ၂၂-၆-၂၀၁၇ ရက်နေ့မှ စတင်ပြဌာန်းလိုက်သည့် ဥပဒေသစ်အရ ထိုင်းနိုင်ငံအတွင်းရောက်ရှိ အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အသိပေးကြေညာချက် (၂/ ၂၀၁၇)နဲ့ ထိုင်းနိုင်ငံမှထုတ်ပြန်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် သက်ဆိုင်သည့် ဥပဒေသစ်ကြောင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီး ထိုင်းနိုင်ငံ၌ ပြန်လည်အလုပ်လုပ်ကိုင် လိုသည့် အလုပ်သမားများအတွက် အသိပေးကြေညာချက် (၃/၂၀၁၇) တို့ကို ၁၈-၇-၂၀၁၇ မှစ၍ အများပြည်သူများသိရှိစေနိုင်ရေးအတွက် နိုင်ငံပိုင်သတင်းစာများ၊ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၊ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန၊ ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးရှိ အလုပ်သမားသံအရာရှိရုံး၊ မြဝတီမြို့ရှိ ရွှေ့ပြောင်းအလုပ်သမားရုံး၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများမှာ ကြေညာထားပြီး ဖြစ်သည့်အပြင် မြန်မာ့အသံရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ MRTV 4 နှင့် Sky Net၊ ဝန်ကြီးဌာနwebsite၊အများစုအသုံးပြုလျက်ရှိသည့် facebookနှင့် ရေဒီယိုများ၌ လည်းကြေညာ ထားပြီးဖြစ်ပါကြောင်း။
ထိုင်းနိုင်ငံမှသတ်မှတ်ကာလအတွင်းမြန်မာအလုပ်သမားများကိုအထောက်အထားထုတ်ပေး နိုင်ရန် လက်ရှိစခန်းများအနက် မြန်မာအလုပ်သမား အများဆုံး လာရောက် လျှောက်ထားသည့် မဟာချိုင် (၁)၊ မဟာချိုင် (၂)၊ စမုပရာကန်နှင့် ရနောင်း CI စခန်းများ၌ ဝန်ထမ်းနှင့် စက်ပစ္စည်း များဖြည့်တင်းခြင်း၊ Mobile Team ဖြင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်ဆောင်ရွက် ပေးခြင်း၊ မြန်မာအလုပ်သမားအများဆုံးရှိသည့် ချင်းမိုင်၊ နခွန်စဝမ်နှင့် မြန်မာရေလုပ်သား အများဆုံးရှိသည့် ဆောင်ခလာတို့တွင် CI စခန်းအသစ်များဖွင့်လှစ်ခြင်း တို့အပြင် CI ထုတ်ပေးရေးစခန်းများတွင် မြန်မာနိုင်ငံမှ တာဝန်ကျဝန်ထမ်းများအပြင် ထိုင်းနိုင်ငံမှ တာဝန်ရှိ သူများပူးပေါင်းပါဝင်ပြီးတော့ဆေးစစ်ခြင်း၊ နေထိုင်ခွင့် (Visa) ထုတ်ပေးခြင်းနှင့် အလုပ်လုပ် ကိုင်ခွင့်လက်မှတ် (Work Permit) ထုတ်ပေးခြင်းတို့ကို One Stop Service အနေဖြင့် ၁-၉-၂၀၁၇ ရက်နေ့မှစပြီးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း။
ထိုင်းနိုင်ငံဘက်မှစာရင်းပေးသွင်း စိစစ်အတည်ပြုပြီးသော မြန်မာအထောက်အထားမဲ့ အလုပ်သမားများကို ၁၅-၉-၂၀၁၇ ရက်နေ့တွင် CI ထုတ်ပေးမည်ဖြစ်ပြီး အဆိုပါ အလုပ်သမားများ အနေဖြင့် Counter Service Co., Ltd မှ ဝန်ဆောင်မှုပေးသောနေရာများတွင် ၆-၉-၂၀၁၇ ရက်နေ့မှစ၍ ငွေပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း။ စခန်းအသစ် ၃ ခုတွင် ၁၅-၉-၂၀၁၇ ရက်နေ့မှစ၍ လည်းကောင်း CI ထုတ်ပေးမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ G to G စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်ကို အစိုးရဝန်ထမ်း ၄ ဦးနှင့် သက်ဆိုင်ရာ နယ်ပယ်တွင် ကျွမ်းကျင်သည့် လုပ်ငန်းရှင်တစ်ဦးပါဝင်သည့် လုပ်းငန်းအဖွဲ့ဖြင့် ဆောင်ရွက်ရန် နှစ်နိုင်ငံ အစိုးရအကြားသဘောတူညီမှုရရှိခဲ့ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ မြန်မာအလုပ်သမား ရေးရာကိစ္စဆောင်ရွက်နေသည့်သံမှူးနှင့် အလုပ်သမားသံအရာရှိတို့ဖြင့် ဖွဲ့စည်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံမှာလက်ရှိအလုပ်လုပ်ကိုင်လျက်ရှိတဲ့ အထောက်အထားမဲ့ အလုပ်သမားများကို အထောက်အထားထုတ်ပေးနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ ပြန်လည် ရောက်ရှိလာသည့် အလုပ်သမားတွေကိုလည်း ယခင်လုပ်ကိုင်ခဲ့သော အလုပ်ရှင်ထံမှာပြန်လည် လုပ်ကိုင်နိုင်ဖို့ MoU စနစ်နဲ့ ပြန်လည်ပို့ဆောင်ပေးသွားမှာဖြစ်ပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံသို့ ရေလုပ်သားများစေလွှတ်ရာတွင် Ministry of Oceans and Fisheries နှင့်ချိတ်ဆက်ဆောင်ရွက်ရမှာဖြစ်ပြီး၊ မြန်မာနိုင်ငံဘက်မှ ရေလုပ်သားစေလွှတ်မည့် အဖွဲ့အစည်းနှင့် ကိုရီးယားသမ္မတနိုင်ငံဘက်မှ လက်ခံမည့် အဖွဲ့အစည်းတို့ သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ကိုရီးယားသမ္မတနိုင်ငံ၊ Korean Seafarers’ Act နဲ့အညီအလုပ် ခေါ်စာများကိုအလုပ်သမားသံအရာရှိမှ စိစစ်၍ ကမ်းနီးရေလုပ်သားများ စေလွှတ်နိုင်ရေးစိစဉ် ဆောင်ရွက်လျှက်ရှိပါကြောင်း။
ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားလက်မှတ်ရေးထိုးမည့် နည်းပညာအလုပ်သင် သင်တန်းသားလေ့ကျင့်ရေး အစီအစဉ်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံအပြီးသတ်ညှိနှိုင်းပြီးပါက ပြည်ထောင်စုရှေ့နေချုပ်ရုံးသဘောထားမှတ်ချက်များတောင်း ခံနိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း။
မလေးရှားနိုင်ငံ၊ မြန်မာသံရုံးမှ မလေးရှားနိုင်ငံသို့ အလုပ်သမားများတရားဝင် စေလွှတ် မည်ဆိုပါကကန့်ကွက်ရန်မရှိကြောင်း သဘောထားမှတ်ချက်ပြန်ကြားလာပါသဖြင့် (၂၆/၂၀၁၇) ကြိမ်မြောက် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ယာယီရပ်ဆိုင်းခြင်းမပြုမီ Calling Visa ရရှိထားသည့် အလုပ်သမားများကိုသာ မလေးရှားနိုင်ငံသို့ ပြန်လည်စေလွှတ်လျက်ရှိပါကြောင်း။
ပြည်ပနိုင်ငံများသို့ တရားမဝင်သွားရောက်ခြင်းဖြင့် အခက်အခဲများ ကြုံတွေ့ပြီးပြန်လာ ရသောအလုပ်သမားများနေ့စဉ်ရှိနေသဖြင့် တရားမဝင်သွားရောက်ခြင်းကို သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှ ဝိုင်းဝန်းပူးပေါင်း၍ ပွဲစားများပပျောက်စေရေး ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မှသက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ပေးမှု အခြေအနေများ၊ရွှေ့ပြောင်းအလုပ်သမားများ၏ငွေကြေးများအားမြန်မာနိုင်ငံသို့ပြန်လည်လွဲပို့ပေးနိုင်မည့်အခြေအနေများ၊ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ရန်ပုံငွေအားသီးခြား ငွေစာရင်းဖြင့်စနစ်တကျပြန်လည်ပြုစု၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ငွေစာရင်းများ စစ်ဆေး ပေးမည့်အစီအစဉ်များအားဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီးအစည်းအဝေးကို ၁၂:၀၀ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။