The Korea Time သတင်းစာပါ ဆောင်းပါးတွင်ဖော်ပြထားသော E-9 visa သက်တမ်းတိုးမြှင့်ရေးနှင့်ပတ်သက်၍ အစိုးရသစ်၏ စည်းမျဉ်းပါ အချက်များ-
E-9 visa ကိုင်ဆောင်ထားသော နိုင်ငံခြားသား အလုပ်သမားများ၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမှုသည် မကြာမီကာလအတွင်း ကန့်သတ်မှုများ ရှိလာမည်ဖြစ်ကြောင်း၊
ဗီဇာလျှောက်ထားသူသည် နောက်ထပ်တစ်ကြိမ်သာ သက်တမ်းတိုးခွင့်ရှိမည်ဖြစ်ပြီး အများဆုံး နေထိုင်နိုင်ခွင့်သည် ၄ နှစ်၊ ၁၀ လဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနမှ ၃-၈-၂၀၁၇ ရက်နေ့တွင် ယွန်ဟပ်သတင်းဌာန၌ ဖေါ်ပြခဲ့ကြောင်းနှင့် စတင်ကျင့်သုံးမည့်ရက်ကို ဖေါ်ပြထားခြင်း မရှိပါကြောင်း၊
တည်ဆဲစည်းမျဉ်းသတ်မှတ်ချက်များအရ နိုင်ငံခြားသားအလုပ်သမားများ၏ ပထမဆုံး E-9 visa အတွက် ကိုရီးယားသမ္မတနိုင်ငံအတွင်း ၄ နှစ်၊ ၁၀ လအထိ နေထိုင်နိုင်ရန် ခွင့်ပြုထားကြောင်း၊ ယင်းနောက် မိမိနိုင်ငံသို့ပြန်၍ ကိုရီးယားအရည်အချင်းစစ် စာမေးပွဲ ဖြေဆိုနိုင်ကြောင်း၊ အောင်မြင်ပါက အလုပ်လုပ်ကိုင်ခွင့်ရရှိပြီး နောက်ထပ် ၄နှစ်၊ ၁၀ လ နေထိုင်ခွင့်ရရှိနိုင်ကြောင်း၊ အသစ်ထပ်မံ နေထိုင်ခွင့်လျှောက်ထားရန် အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိကြောင်း၊
စည်းမျဉ်းအသစ်သည် ကိုရီးယားသမ္မတနိုင်ငံအတွင်း ၉ နှစ်၊ ၈ လကြာနေထိုင်ခဲ့ ကြသည့် အလုပ်သမားများအတွက် သက်ရောက်မှုရှိမည်မဟုတ်ဘဲ ဗီဇာအသစ် ထပ်မံလျှောက်ထားခွင့် ရှိကြောင်း၊
စည်းမျဉ်းအသစ်ပြဌာန်းပြီးပါက ဗီဇာကုန်ဆုံးသူများသည် မိမိနိုင်ငံသို့ ပြန်ရမည် ဖြစ်ပြီး ယင်းတို့အနေဖြင့် သင့်လျော်သော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုရှိပါက အခြားကျွမ်းကျင်ဗီဇာတစ်ခုခုအား ပြန်လည်လျှောက်ထားနိုင်ကြောင်း၊

