နေပြည်တော်၊ ဩဂုတ်လ ၂၂ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. Scot Marciel နှင့်အဖွဲ့အား ဩဂုတ်လ(၂၂)ရက် ယနေ့ ညနေ(၄)နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အလုပ်သမား ရေးရာကိစ္စရပ်များ ဆောင်ရွက်နေမှုနှင့် ILO နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ များ၊ မြန်မာ-အမေရိကန် နှစ်နိုင်ငံကြား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ဝင်ဗီဇာဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။(-)

