အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၇-၂-၂၀၁၇ ၊ နေပြည်တော် ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် လာအိုနိုင်ငံ ၊ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန ဝန်ကြီး Pol. Maj. Gen. SYLAVONG အား ယနေ့ ဖေဖော်ဝါရီလ (၇) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပြီး နှစ်နိုင်ငံရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စရပ်များ ၊ တရားဝင် အလုပ်သမားများ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံပြည်ဝင်ခွင့် ဆိုင်ရာကိစ္စရပ်များကို အဆင့်တိုးမြှင့်ဆောက်ရွက်သွားနိုင်ရေးနှင့် နှစ်နိုင်ငံအကြားကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင် ရွက်သွားနိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။