နေပြည်တော်
၇-၁၂-၂၀၁၆
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E Mr. Tatshi HIGUCHI အား ယနေ့ ဒီဇင်ဘာလ (၇) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅၁)၊ ဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်း ဝန် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဂျပန်နိုင်ငံတွင် အလုပ်သင် အလုပ်သမား ဥပဒေ အသစ်ပြဌာန်း ပြီး၍ ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမားများ သင်တန်းသားအလုပ်သမားများအဖြစ် သွားရောက် အလုပ်လုပ်ကိုင်နိုင်မှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား အလုပ်သင် အလုပ် သမား စေလွှတ်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (Memorandum of Cooperation) လက်မှတ်ရေး ထိုးရေးကိစ္စနှင့် ဥပဒေအရ မြန်မာအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ပေးရေးစသည့် အလုပ်သမားရေး ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

