အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်

၈-၁၂-၂၀၁၆

လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းအသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို၈-၁၂-၂၀၁၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပပါသည်။ဖွင့်ပွဲအခမ်းအနားတွင်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကားပြောကြားရာတွင် လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်မှု အညွှန်းကိန်းများ ဖော်ထုတ်အသုံးပြုရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ ၏လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အထောက်အကူပြုသည့်လုပ်ငန်းရပ် တစ်ခုအဖြစ်မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အလေးထားစီစဉ်ဆောင်ရွက်နေကြောင်း၊ လူ့စွမ်းအားဆိုင်ရာ စီမံကိန်းများကို စနစ်တကျရေးဆွဲ အကောင် အထည်ဖော်နိုင်ရန်အတွက် တိကျမှန်ကန်ပြီး၊ ယုံကြည်ကိုးစားလောက်သော လူ့စွမ်းအားဆိုင် ရာစာရင်းအင်း အချက်အလက်များ ရရှိရန်အထူး လိုအပ်ကြောင်း၊ စီမံကိန်းနှင့်စာရင်းအင်းအချက်အလက်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး စီမံကိန်းများ အောင်မြင်ရေးသည်မူလအခြေပြုထားသော စာရင်းအချက်အလက်ပေါ်တွင် မူတည် နေကြောင်း၊လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ်ပြုစုထုတ်ဝေခြင်း၏ အကျိုးရလဒ် မှာစာရင်းအင်းဆိုင်ရာ သတင်းအချက်အလက်များသည်ဌာနဆိုင်ရာများ၏ ဆုံးဖြတ်ချက်ချမှတ် လုပ်ဆောင်ရမည့် လုပ်ငန်းများတွင်လက်တွေ့အထောက်အကူပြုစေနိုင်ကြောင်း၊အချိန်နှင့်တစ်ပြေးညီ မှန်ကန်ကိုက်ညီမှုရှိသည့် ကိန်းဂဏန်းအချက်အလက်များသည် နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခု ၏ဖွံ့ဖြိုးတိုးတက်မှုများကို မီးမောင်းထိုးပြနေကြောင်း၊ မိမိတို့နိုင်ငံတွင်ဖွံ့ဖြိုးတိုးတက်မှုရှိနေသည်ကို ယခုစာအုပ်တွင်ပါသော အညွှန်းကိန်းများ ကိုကြည့်ခြင်းအားဖြင့်တွေ့ရှိနိုင် မှာဖြစ်ကြောင်း၊ လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ်သည် အစိုးရဌာနများ၊ NGO များနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံသူများ၊ Researcher များအတွက် များစွာအထောက် အကူဖြစ်စေတာကြောင့် အညွှန်းကိန်းများမှန်ကန်ရေးနှင့် အရှည်တည်တံ့စေရေးအတွက် ဝိုင်းဝန်းအကြံပေးပြီးကြိုးပမ်း အကောင်အထည် ဖော်ကြရန် တိုက်တွန်းပြောကြားပါသည်။ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တစ်ခုတည်း အားထုတ်ဆောင်ရွက်၍မရဘဲ သက်ဆိုင်တဲ့ဦးစီးဌာနများ၊ အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း ပြောကြားသွားသည်။
အဆိုပါအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းနှင့်သက်ဆိုင်သော ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲ စာအုပ်ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်း အဖွဲ့အဖွဲ့ဝင်များ၊အညွှန်းကိန်းနှင့် သက်ဆိုင်သော ဌာနများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူ များ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ကြပါသည်။
နေ့လည်ပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စန္ဒာအေး က လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေ နှင့် ယခင်နှစ်ကချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် အကောင်အထည် ဖော်နိုင်မှုအခြေအနေကို သုံးသပ်တင်ပြခဲ့ပြီး တင်ပြချက်များကအပေါ် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာသော ကိုယ်စားလှယ်များ ကအကြံပြုဆွေးနွေး ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ရေရည်တည်တံ့ရေးနှင့် စဉ်ဆက်မပြတ် ရရှိနိုင်မည့် အညွှန်းကိန်းများရရှိရေး၊ ပုဂ္ဂလိကကဏ္ဍမှ အညွှန်းကိန်းများရရှိစေရေးနှင့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲ စာအုပ်ပိုမိုတိုးတက်ရေးတို့အတွက် အဖွဲ့လိုက်ဆွေးနွေးသုံးသပ်အကြံပြုတင်ပြကြပြီး အဖွဲ့လိုက် တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေပိုင်းတွင်ရုပ်သိမ်းခဲ့ ပါသည်။

HR Forum1