အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် International Transport Workers’ Federation ၏ Secretary, Mr. Jon Witlow ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ အောက်တိုဘာလ (၅) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး Maritime Labour Convention, 2006 အားမြန်မာနိုင်ငံမှ လက်ခံပြီးနောက် လက်တွေ့အကောင်အထည်ဖော်ရေးနှင့်ပတ်သတ်၍ လည်းကောင်း၊ နိုင်ငံတကာ စံ သတ်မှတ်ချက် များနှင့်အညီ မြန်မာပင်လယ်ပျော် သင်္ဘောသားများ၏ ရပိုင်ခွင့်များရရှိရေးနှင့် အခြားအခွင့်အရေးများ အကာအကွယ်ပေးရေး စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။