အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ရွှေ့ပြောင်း အလုပ်သမားစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ အရ ပြည်ပအလုပ်အကိုင်အတွက် မြန်မာအလုပ်သမား များအား ပြည်ပသို့ စနစ်တကျ စေလွှတ်လျက်ရှိသကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ၌ ဆောင်ရွက်လျက်ရှိရာ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများမှ နေရပ်ပြန်မည့် အလုပ်သမားများအား ကူညီဆောင်ရွက်ပေး ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ ယင်းတို့၏မိသားစုများနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်း များဆောင်ရွက်ပေးခြင်း တို့ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ [download id=”955″]

