အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း (၁၁)ခုတွင်ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအနက် မြန်မာနိုင်ငံသို့ပြန်ရန်လေယာဉ် စရိတ်မတတ်နိုင်သူ C of I ရရှိပြီးသည့် မြန်မာနိုင်ငံသား (၁၃၇) ဦးအား ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံမှ ၁၂-၈-၂၀၁၆ ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည် ခေါ်ဆောင်ခဲ့ပါသည်။
အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများ ပြန်လည်ခေါ်ယူရေးအတွက် Mother Trading and Construction Co., Ltd၊ ဖိုးလမင်းကုမ္ပဏီလီမိတက်နှင့် မိဘဂုဏ်ရည် အဖွဲ့သားများ၏ စုပေါင်းလှူဒါန်းထောက်ပံ့ကူညီမှုဖြင့် ပြန်လည်ခေါ်ယူမည့် အလုပ်သမား (၇၀၀) ဦး အနက် ပထမအကြိမ် မြန်မာနိုင်ငံသား (၁၃၇) ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း MAI လေယာဉ်ဖြင့် ၁၂-၈-၂၀၁၆ ရက်နေ့၊ ၁၉း၀၀ နာရီအချိန်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်မှ ထွက်ခွာခဲ့ပြီး ၂၀း၀၀ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ ပါသည်။[download id=”859″]