အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ (၆၈)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကို ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့၊ နံနက် (၉)နာရီအချိန်တွင် ရုံးအမှတ် (၅၁)၊ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။
နှစ်ပတ်လည်နေ့ အခမ်းအနားသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်၊ ဒုတိယဝန်ကြီးဦးထင်အောင်၊ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနများမှ အရာထမ်းများနှင့်အမှုထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အသီးသီးနှင့် သက်ဆိုင်သော ထူးချွန်ဆု များချီးမြှင့်ခြင်း၊ ကံစမ်းမဲအစီအစဉ်များကျင်းပမဲဖောက်ခြင်း၊ တက်ရောက်လာသောဧည့်သည်တော်များမှ သီးခြား ငွေသားကံစမ်းမဲများဖောက်ပေးခြင်းများဖြင့် ကြည်နူးပျော်ရွှင်ဖွယ် နှစ်သစ်ကို ကြိုဆိုခဲ့ကြပါသည်။




