စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်နေ့ နံနက် ၀၉:၀၀ နာရီ အချိန်တွင်
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အဖွင့်မှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သံအမတ်ကြီးများ၊ UN, INGO, NGO များမှ ကိုယ်စားလှယ်များ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ပြည်ပအလုပ်အကိုင် အကျ ကိုယ်စားလှယ်များ၊ပြည်ပအလုပ်အကိုင်အကိုင် အကျိုးဆောင်လိုင်စင်ရကုမ္ပဏီများ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင်ရ ကုမ္ပဏီများနှင့် ပြည်တွင်း၊ပြည်ပသတင်းဌာနများမှ သတင်းထောက်များ၊ စုစုပေါင်း ဖိတ်ကြားထားသူ ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။[download id=”593″]





