အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန နှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တို့၏ (၁၈/၂၀၁၄) လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ၈-၁၂-၂၀၁၄ ရက်နေ့ (ဝ၉း၃၀) နာရီအချိန် ဝန်ကြီးဌာန၏ အစည်းအဝေးခန်းမတွင် ကျင်းပရာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးထင်အောင်နှင့် ဒေါ်ဝင်းမော်ထွန်း၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF) မှ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသည့် လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၃ ခုနှစ် ကတည်းက အဖွဲ့ချုပ် အနေနဲ့ ဝန်ကြီးဌာနနဲ့အတူ လက်တွဲပြီး အလုပ်သမားရေးရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ခဲ့ ရုံသာမက အာဆီယံအစည်းအဝေးပွဲများ UN ၊ INGO ၊ NGO ၊ အဖွဲ့အစည်းများနှင့်အတူ ကျင်းပခဲ့သည့် အစည်းအဝေးပွဲများနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွေမှာပါ ကောင်းမွန်သည့် အကြံဉာဏ်များ ဆွေးနွေးဖလှယ်ခဲ့တဲ့အတွက် အောင်မြင်မှု အကျိုး ရလဒ် ကောင်းများစွာ ရရှိခဲ့ပါကြောင်း . . . . .
[download id=”358″]


