ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်၊ မဟာချိုင်ရှိ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၏ အချက်အလက်ကောက်ယူရေးဌာနခွဲ (Temporary Data Collection Center) ၌ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး ပြည်ဝင်ခွင့်ဗီဇာသက်တမ်း လေးနှစ်ပြည့် အလုပ်သမားများနှင့် ထိုင်းနိုင်ငံအစိုးရမှ ထုတ်ပေးထားသော ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (TR-38) ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများအနက် နိုင်ငံသားအထောက်အထား တင်ပြနိုင်သည့် အလုပ်သမားများကို သာမန်နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်ပြားထုတ်ပေးခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်ပြား ပျောက်ဆုံး/ပျက်စီး လျှောက်ထားပါက စိစစ်ပြီး ပြန်လည်ထုတ်ပေးခြင်း တို့ ဆောင်ရွက်လျက် ရှိပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား ပျောက်ဆုံး/ပျက်စီးခြင်း တို့အပေါ် ပြန်လည်ထုတ်ပေးရာတွင် ၂၀၁၉ ခုနှစ်၊ မေလ (၁) ရက်နေ့မှစ၍ ကတ်တန်ဖိုးနှင့် ဒဏ်ကြေးအပါအဝင် စုစုပေါင်း ဘတ် ၂၀၀ ကောက်ခံသွားမည်ဖြစ်ပြီး ပိုမိုပေးဆောင်ရခြင်းများ ရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်ပါသည်-
-
- (က) ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ –
၀၆၇-၄၃၀၄၄၂၊ ၀၆၇-၄၃၀၁၈၅
- Complaints Mechanism
– ၀၆၇-၄၃၀၁၈၄၊ ၀၆၇-၄၃၀၂၈၄ ၀၁-၆၅၀၀၈၉၊ ၀၁-၆၅၀၁၈၇
- (ခ) ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိများ
- ဦးစန်းမောင်ဦး –
(၀၀၆၆) ၉၄၈၈၄၅၄၈၄
- ဦးသန်းနိုင် –
(၀၀၆၆) ၆၅၂၂၀၆၉၅၁ (ဘန်ကောက်တာဝန်ခံ)
- ဦးဇော်မင်းထွေး –
(၀၀၆၆) ၉၉၀၅၉၂၃၅၂ (ချင်းမိုင်တာဝန်ခံ)
- ဦးအောင်မင်း –
(၀၀၆၆) ၆၅၂၂၀၆၉၅၃ (မဲဆောက်တာဝန်ခံ)
- ဦးဇော်မင်းအောင် –
(၀၀၆၆) ၆၅၂၂၀၆၉၅၂ (ရနောင်းတာဝန်ခံ)

