အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အဆိုပါ Constituents’ Day အခမ်းအနားတွင် ILO ညွှန်ကြားရေးမှူးချုပ်၊ Mr . Guy Ryder နှင့်အတူ ILO အဖွဲ့ဝင်နိုင်ငံများမှ အလုပ်သမားဝန်ကြီးများ၊ အလုပ်ရှင်၊ အလုပ်သမား ခေါင်းဆောင်များပါဝင်တက်ရောက်ခဲ့ကြပြီး COVID-19 ကပ်ရောဂါကြောင့် အလုပ်အကိုင် လောကအပေါ် သက်ရောက်မှုများအား အနာဂတ် အလုပ်အကိုင်ဆိုင်ရာ ILO ရာပြည့် ကြေညာချက်ကိုအခြေခံ၍တုံ့ပြန်ရေးနည်းလမ်းများကိုအပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

Constituents’ Dayအခမ်းအနား၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိန့်ခွန်းပြောကြားရာတွင် ဤထိပ်သီး ညီလာခံကကမ္ဘာ့အလုပ်အကိုင်လောကရှေ့ဆက်နိုင်ရေးတွန်းအားပေးရန်နှင့်အလွန်အရေးပါသော လမ်းညွှန်မှုများချမှတ်နိုင်ရန် အထောက်အကူဖြစ်စေနိုင်မည်ဟု ယုံကြည်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ ၏ Covid-19 နှင့်အလုပ်အကိုင်လောကအပေါ် မူဝါဒရေးရာ အကျဉ်းချုပ် တွင်ဖော်ပြထားသည့်အတိုင်း အလုပ်သမားများ၏ကျန်းမာရေးကို တစ်ဘက်တွင်စောင့်ရှောက် ကာကွယ်ပေးပြီး တပြိုင်နက်တည်းတွင် လုပ်ငန်းများဆက်လက်လည်ပတ်နိုင်ရေး အစီအမံ များသေချာစွာချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ Covid-19 ကပ်ရောဂါကို တုံ့ ပြန်မှုများအားအကျဉ်းချုပ်ပြောရလျှင် မြန်မာအစိုးရအနေဖြင့် ပါဝင်သက်ဆိုင်သူအားလုံး တို့နှင့်အတူရောဂါကိုရင်ဆိုင်ရန်ကပ်ရောဂါကာကွယ်ရေး၊ထိန်းချုပ်ရေးနှင့်ကုသရေးဆောင် ရွက်ချက်များကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်မှုနည်းလမ်း (A Whole of Nation Approach) ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်အိုင်အယ်လ်အိုကအကြံပြုခဲ့သော COVID-19 တုံ့ပြန်ရေးမူဝါဒရေးရာမူဘောင် နှင့်အညီအကောင်အထည်ဖော်မှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက Covld-19 ကပ်ရောဂါကြောင့်စီးပွားရေးထိခိုက်မှုများကို ကြံ့ကြံ့ခံနိုင်ရန်နှင့်ပြန်လည်ကုစား နိုင်ရန်အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး၊ ထိခိုက်မှုအများဆုံးခံနေရသော အဓိက စီးပွားရေးလုပ်ငန်း အမျိုးအစား၃မျိုးကို ကူညီပံ့ပိုးပေးရန်ရန်ပုံငွေတစ်ရပ်ကို ထူထောင်ခဲ့ ကြောင်း၊ဘဏ်အတိုးနှုန်းများ၊ ဝင်ငွေခွန်နှင့်ကုန်သွယ်ခွန်များကိုလည်းလျော့ချပေးခဲ့ကြောင်း၊ အလုပ်ရှင်၊အလုပ်သမားများကို လူမှုဖူလုံရေးဆိုင်ရာ ဖြေလျော့မှုများနှင့် အထောက်အပံ့ပေးမှု များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပသမားများကို ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များဖြင့် ပြန်လည်ခေါ်ယူပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်းအလုပ်သမားများကို နယ်စပ်ဂိတ်များတွင်ကြိုဆို ၍အသွားအလာကန့်သတ်ရေးကန့်သတ်နေထိုင်ရေးနေရာများသို့ပို့ဆောင်ခြင်းတို့ကိုလည်း ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံသို့ COVID-19 ကပ်ရောဂါ မရောက်ရှိမီကတည်းက အိုင်အယ်လ်အိုနှင့်ပူးပေါင်း၍ သုံးပွင့်ဆိုင်အစည်းအဝေးများ ကျင်းပခဲ့ကြောင်း၊ အနာဂတ် တွင် ဆောင်ရွက်မည့် အစီအမံများအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍများတွင် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးသွားမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ကျန်းမာရေးနှင့် စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဒီဂျစ်တယ် နည်းပညာဆိုင်ရာလုပ်ငန်းများ၊ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိဂုံးချုပ်အနေဖြင့် COVID-19 ကပ်ရောဂါသည် လူ့အသက် ပေါင်းများစွာပျက်စီးဆုံးရှုံးမှုများဖြစ်စေရုံသာမက စီးပွားရေး၊ လူမှုရေးတို့ကိုလည်း ဆုံးရှုံးမှု များစွာဖြစ်စေခဲ့သည်ကို အားလုံးသိရှိပြီး ဖြစ်ကြောင်း၊ သို့သော် ကံကောင်းထောက်မစွာဖြင့် COVID-19 ကပ်ရောဂါကိုတွန်းလှန်တိုက်ဖျက်နိုင်ရန်အတွက် ကမ္ဘာပေါ်ရှိလူသားများသည် ပိုမိုစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်လာကြသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးဟူသည့်စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြပြီး ကမ္ဘာကြီးသည်တစ်ခု တည်းသောလူမှုအဖွဲ့အစည်းအဖြစ် ပိုမိုစည်းလုံးလာသည်ကိုတွေ့ရကြောင်း၊ မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျန်ရစ်မနေစေရဟူသည့် စကားရပ်အတိုင်း ပုံမှန်လူနေမှုဘဝ အသစ်ကိုအမြန်ဆုံးရရှိပြီး၊ ထိုမှတစ်ဆင့်ပိုမိုကောင်းမွန်သော ပုံမှန်လူနေမှုဘဝဆီသို့တက် လှမ်းနိုင်ရန် မိမိတို့အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် COVID-19 ကို အောင် မြင်စွာ ကျော်လွှားဖြတ်သန်းသွားနိုင်မည်ဟုယုံကြည်ကြောင်းထည့်သွင်း ပြောကြားသည်။

ILO Virtual Global Summit on COVID-19 and the world of work အစည်းအဝေး၏ Constituents’ Day အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။