အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                                  မေ ၁၂။

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၃) ရပ်ကွက်၊ ရန်ကင်းလမ်းမကြီး၊ အမှတ် (၂၀၆/၂) ရှိ Dual Tech Vocational Institute တွင် သက်မွေးသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှု အားပေးခဲ့သည်။

          သင်တန်းကျောင်းတာဝန်ခံက Dual Tech Vocational Institute ကို ၂၀၀၃ ခုနှစ်မှ စတင် တည်ထောင်ထားခဲ့ပြီး မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အသိအမှတ်ပြုသင်တန်းကျောင်းအဖြစ် ၁၃-၂-၂၀၂၅ ရက်နေ့မှ ၁၂-၂-၂၀၂၇ ရက်နေ့ထိ သက်တမ်း ကာလ (၂) နှစ်ဖြင့် မှတ်ပုံတင်လက်မှတ်ရရှိထားပြီးဖြစ်ပါကြောင်း၊ သင်တန်းကျောင်းမှ လျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်းနှင့် လေအေးပေးစက်တပ်ဆင်ပြုပြင်ခြင်းသင်တန်းသည် ပြည်တွင်း၌ ဈေးကွက် လိုအပ်ချက်များသော သင်တန်းများ ဖွင့်လှစ်၍ သင်တန်းဆင်းများအတွက် အလုပ်အကိုင်အခွင့် အလမ်းကောင်းများရရှိစေသည့် သင်တန်းများဖြစ်ပါကြောင်း၊ (၁) နှစ်လျှင် ကျွမ်းကျင်သင်တန်းသား (၂၀၀) ဦးခန့် မွေးထုတ်ပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါ သည်။

          ဒုတိယဝန်ကြီးက Dual Tech Vocational Institute မှ သင်ကြားပို့ချပေးနေသည့် သင်တန်း များသည် ဈေးကွက်လိုအပ်ချက်များသော သင်တန်းများဖြစ်သည့်အတွက် သင်တန်းဆင်းများအတွက် များစွာအကျိုးဖြစ်ထွန်းစေကြောင်း၊ သင်တန်းသားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုဘဝတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေသည့် သင်တန်းဖြစ်ကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်ကြားပို့ချနေမှုများကို စိတ်အား၊ ဉာဏ်အား၊ ကိုယ်ကာယအား စိုက်ထုတ်၍ သေချာစွာလေ့လာမှတ်သားရန်လိုကြောင်း၊ နိုင်ငံ့သားပီသစွာ အမိနိုင်ငံချစ်စိတ်ဖြင့် နိုင်ငံ့ကောင်းကျိုး ဆပိုးထမ်းရွက်ရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဆက်လက်၍ နေ့လယ်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁၀) ရပ်ကွက်၊ လယ်ယာ (၂) လမ်း၊ အမှတ် ၁/ခ (A) ရှိ Golden Plant Training Center တွင် ဂဟေနည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

သင်တန်းကျောင်းတာဝန်ခံက Golden Plant Training Center ကို ၂၀၀၈ ခုနှစ်မှ စတင် တည်ထောင်ထားခဲ့ပြီး သင်တန်းကျောင်းအနေဖြင့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ် မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အသိအမှတ်ပြုသင်တန်းကျောင်းအဖြစ် ၂၉-၂-၂၀၂၄ ရက်နေ့မှ ၂၈-၂-၂၀၂၆ ရက်နေ့ထိ သက်တမ်းကာလ (၂) နှစ်ဖြင့် မှတ်ပုံတင်လက်မှတ်ရရှိထားပြီးဖြစ်ပါ ကြောင်း၊ ဂဟေအလုပ်အကိုင် လက်တွေ့သင်ကြားနိုင်ရန် Welding Booth (၂၀) ခု တပ်ဆင်ထားပြီး ဂဟေသင်တန်းများကို NSSA ၏ ကျွမ်းကျင်မှုစံ အခြေပြုရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်းများဖြင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာဖြင့် ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပါကြောင်း၊ (၁) နှစ်လျှင် ကျွမ်းကျင်သင်တန်းသား (၁၅၀) ဦးခန့် မွေးထုတ်ပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ဒုတိယဝန်ကြီးက Golden Plant Training Center တွင် သင်ကြားပို့ချနေသည့် ဂဟေ သင်တန်းသည် လုပ်သားဈေးကွက်အတွင်း ကျွမ်းကျင်လုပ်သား အမှန်တကယ်လိုအပ်နေသည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းဆင်းများအတွက် ပြည်တွင်း/ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိသည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းကျောင်းအနေဖြင့်လည်း သင်ကြားပို့ချသည့် သင်တန်းများကို အရည်အသွေးပြည့်ဝသည့် သင်တန်းများဖြစ်စေရေးနှင့် မိမိတို့သင်တန်းဆင်းများ အား သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး အလုပ်ရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့ (NSSA) အသိအမှတ်ပြု အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ရယူနိုင်ရေးအတွက် စစ်ဆေးအကဲဖြတ်မှုခံယူနိုင်ရန် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။