အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဇန်နဝါရီလ
မြန်မာ – ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ပြည့်နှစ်၊ဇန်နဝါရီလ ၁၃ရက်နေ့မှ ၁၄ရက်နေ့ထိ နေပြည်တော် ရှိသင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းရှိန် ဦးဆောင်၍ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သော ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တို့မှကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးရှိ သံမှူးကြီးနှင့် အလုပ်သမားသံအရာရှိ အပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင်၁၅ဦးနှင့် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. SuchatPornchaiwiseskul ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ဝင် ၁၈ဦးစုစုပေါင်း၃၃ဦးတက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများတရားဝင်စေလွှတ်သည့် MoU လုပ်ငန်းစဉ်၊ ထိုင်းနိုင်ငံတွင်ရောက်ရှိလုပ်ကိုင်နေပြီး ပြည်ဝင်ခွင့်ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်သက်တမ်းကုန်ဆုံးတော့မည့် အလုပ်သမားများအား သက်တမ်းတိုးပေးနိုင်ရေး၊ ထိုင်းနိုင်ငံ ရောက်အထောက်အထားမဲ့ မြန်မာအလုပ် သမား များနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးနှင့်ကာကွယ်စောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များ၊ ထိုင်းနိုင်ငံ ရေလုပ်ငန်းများ၌လုပ်ကိုင်နေသောမြန်မာရေလုပ်သားများကိစ္စနှင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားလက်မှတ်ရေးထိုးထားသော အလုပ်သမားများအလုပ်ခန့်ထား ရေးဆိုင်ရာသဘောတူစာချုပ်ကို သက်တမ်းတိုးနိုင်ရေးကိစ္စရပ်များစသည်တို့ကိုညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။