နေပြည်တော် စက်တင်ဘာ ၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ဒိန်းမတ်နိုင်ငံ၊ အလုပ်အကိုင်ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Peter Hymmelgaard Thomsem ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၁၅:၃၀ နာရီ အချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံ အလုပ်အကိုင်ဝန်ကြီးဌာနတို့အကြား ရေးထိုးခဲ့သည့် MOU များ ဖြစ်သည့် မြန်မာနိုင်ငံအလုပ်သမားများ၏ သင့်တင့်ကောင်းမွန်သော အလုပ်အကိုင်ရရှိရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ အဆင့်မြှင့်တင်ရေးပူးပေါင်းဆောင် ရွက်မှုနားလည်မှုစာချွန်လွှာ၊ အလုပ်သမားဈေးကွက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာများရေးထိုး၍ကူညီခဲ့မှုအပေါ် ဒိန်းမတ်နိုင်ငံ၊ အလုပ်အကိုင်ဝန်ကြီးဌာနနှင့် ပြည်သူများ အားအထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရကိုယ်စားလှယ်များသုံးပွင့် ဆိုင်ဆွေးနွေးပွဲများကျင်းပနိုင်ရေးကူညီခဲ့မှု၊ အတွေ့အကြုံများဖလှယ်ခဲ့မှုအတွက် ကျေးဇူးတင်ရှိ ပါကြောင်းဦးစွာပဏာမပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံနှင့်ဒိန်းမတ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆို်ငရာကိစ္စရပ်များ နှင့်ပတ်သက်၍ ဒိန်းမတ်နိုင်ငံနှင့် အခြားအဖွဲ့အစည်းများ၏ အကူအညီဖြင့် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဥပဒေအားရေးဆွဲအတည်ပြုပြဌာန်းခဲ့ပြီး အဆိုပါဥပဒေအား စည်းကြပ်ဆောင်ရွက်ရသည့် စစ်ဆေးရေးမှူးများနှင့် အလုပ်ရှင်၊ အလုပ်သမားတို့အနေဖြင့် ပထမ ဦးဆုံးအတွေ့အကြုံဖြစ်သည့်အတွက် ၎င်းတို့အား ပညာပေးဆွေးနွေးမှုများနှင့် စွမ်းဆောင်ရည်မြှင့် တင်ခြင်းဆိုင်ရာကိစ္စရပ်များဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ဥရောပသမဂ္ဂအဖွဲ့၊ဂျပန်နိုင်ငံတို့၏အကူအညီဖြင့်အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ကျန်းမာရေးသင်တန်းကျောင်း အားဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းကျောင်းတွင် စစ်ဆေးရေးမှူး များအား လေ့ကျင့်ရေးစတင်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ အလုပ်ရှင်၊အလုပ်သမား အဖွဲ့အစည်းများအား ဥပဒေနှင့်ပတ်သက်၍ ပညာပေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဥပဒေအားအကောင်အထည်ဖော်ရာတွင်တွေ့ကြုံ ရသည့်စိန်ခေါ်မှုများ၊ အခြားဝန်ကြီးဌာနများနှင့်ဆက်စပ်ဆောင်ရွက်နေမှု အခြေအနေများ၊ အဆိုပါ ဥပဒေနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း၍ ILO၊ အတွေ့အကြုံ ရှိသည့် နိုင်ငံများ၏အကူအညီများဖြင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ဒိန်းမတ်နိုင်ငံတွင်တရားမဝင်ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားဟု ယူဆရသူများအားနှစ်နိုင်ငံညှိနှိုင်း၍စိစစ်ဆောင်ရွက်ပြီးပြန်လည်လက်ခံရေးကိစ္စရပ်များနှင့်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေး မှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

