အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေး                                                                                                                 ဇွန် ၉

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ် ဦးတင်ကိုကိုနိုင်၊  အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် တို့လိုက်ပါ၍ မန္တလေးတိုင်းဒေသကြီးရှိ ဦးစီးဌာနအဖွဲ့ဝင်များဖြင့် ယနေ့နံနက်ပိုင်းတွင် မန္တလေး အလုပ်သမားဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီးမှ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီးနောက် ဒုတိယဝန်ကြီးသည် လူနာဆောင်များသို့ လှည့်လည်ကြည့်ရှု အားပေး၍ အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အာမခံအလုပ်သမားများအား ထောက်ပံ့ငွေများပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် Assessor Methodology Training သင်တန်းဆင်းပွဲသို့ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ ရည်မှန်းချက်များ အောင်မြင်စေရေး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းစဉ် အတွက် အဓိကကျသည့် Assessor များ မွေးထုတ်ပေးရန် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်သူ နည်းစနစ်သင်တန်း (Assessor Methodology Training ) ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊

နိုင်ငံတော်အကြီးအကဲမှ ၂၀၂၃ ခုနှစ် အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ တွင် နိုင်ငံတော်အစိုးရသည် အရည်အသွေးရှိသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး MSME လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့အတွက် ပံ့ပိုးဆောင်ရွက်ပေး လျက်ရှိကြောင်း ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိကမောင်းနှင်အားဖြစ်သည့် အလုပ်သမားများ၏ အရည်အသွေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိ သည့် လုပ်သားထုတစ်ရပ် ပေါ်ထွန်းလာစေရေးကို မျှော်မှန်း၍ တိုးတက်လာသည့် နည်းပညာ အသစ်များနှင့်အညီ ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရန် NSSA က ဦးဆောင်ပြီး လုပ်ငန်းများ ဆောင်ရွက်ပေးမှုကို ဖော်ပြခဲ့ကြောင်း၊

NSSA အနေဖြင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ၁၆ ခုဖြင့် အလုပ်အကိုင် ၆၉ မျိုးအတွက် ကျွမ်းကျင်မှု “စံ” ၉၁ ခုကို အတည်ပြု ရေးဆွဲခဲ့ပြီး လက်ရှိအခြေ အနေတွင် စစ်ဆေးအကဲဖြတ်ရေးဌာန ၂၃၁ ခု၊ စစ်ဆေးရေးမှူး ၁၀၀ ဦး၊ စစ်ဆေးအကဲဖြတ်သူ ၆၆၉ ဦးဖြင့်  အလုပ်အကိုင် (၃၈) မျိုး အတွက် ဖြေဆိုသူ ၂၄,၈၉၅ ဦးကို စစ်ဆေးအကဲဖြတ်ခဲ့ရာ အောင်မြင်သူ ၂၂,၇၅၅ ဦးရှိပြီး ၁၈၆၆၆ ဦးအတွက် NSSA ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ် ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ကျန်ရှိသူများကို အသိအမှတ်ပြုလက်မှတ်များ ဆက်လက်ထုတ်ပေး သွား မည်ဖြစ်ကြောင်း၊

ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန များစွာတည်ထောင်ရန် လိုအပ်ပြီး အရည်အသွေးပြည့်ဝ သည့် စစ်ဆေးအကဲဖြတ်သူများ Assessor များ၊ Chief Assessor များ များစွာ မွေးထုတ်ပေးရန် လိုသဖြင့် ၂၀၁၉ ခုနှစ်မှ လက်ရှိကာလထိ Assessor Methodology Training ၃၄ ကြိမ် ဖွင့်လှစ်ခဲ့ပြီး အလုပ်အကိုင် ၃၇ မျိုးအတွက် Assessor ၆၆၉ ဦးကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ Assessor များအနေဖြင့် မိမိတို့၏ စွမ်းဆောင် ရည်မြင့်မားစေရေး အစဉ်လေ့လာသင်ယူနေရန် လိုကြောင်း၊

ယနေ့သင်တန်းဆင်းများအနေဖြင့် Assessor အဖြစ် ဆောင်ရွက်မည့်အလုပ်အကိုင်အတွက် On Job Training နှင့်  Volunteer Assessor အဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်၍ သတ်မှတ်ချက်များနှင့်အညီ Assessor အဖြစ် အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း၊

သင်တန်းဆင်းများအနေဖြင့် စစ်ဆေးအကဲဖြတ်သူများ လိုက်နာရမည့်ကျင့်ဝတ်များ၊ စစ်ဆေး အကဲဖြတ်ခြင်း မတိုင်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်၊ စစ်ဆေးအကဲ ဖြတ်နေစဉ်အတွင်း လိုက်နာ စောင့်ထိန်းရမည့်ကျင့်ဝတ်နှင့် တာဝန်ဝတ္တရားများအပြင် စစ်ဆေး အကဲဖြတ်ပြီးချိန်တွင် ဆက် လက်ဆောင်ရွက်ရမည့် တာဝန်များကို ကောင်းစွာသိရှိနားလည် သဘောပေါက်ပြီး ဖြစ်တာကြောင့် စစ်ဆေးအကဲဖြတ်မှု ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးဖို့ လိုကြောင်း၊ မိမိတို့ လေ့လာသိရှိပြီးဖြစ်သည့် ပညာရပ်များကို အခြေခံ၍ ဆင့်ပွားလေ့လာမှုများ စဉ်ဆက် မပြတ်  ဆောင်ရွက်သွားရန်နှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အသိပညာ၊ ဗဟုသုတ များကို ခေတ်နှင့်အညီ သိရှိရန် ကြိုးပမ်းလေ့လာ၍ NSSA ၏ ကျွမ်းကျင်မှုစစ် ဆေးအကဲဖြတ်ခြင်း လုပ်ငန်းစဉ်များတွင် ပူးပေါင်း  ပါဝင်ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ပါသည်။