အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Promotion of the Value of the National Skills Regonition Certificate through Skills Development System စီမံကိန်းအရ ဆောက်လုပ်ရေးကဏ္ဍ၊ အထည်ချုပ်လုပ်ငန်းကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် သတ္တုနှင့် အင်ဂျင်နီ ယာလုပ်ငန်းကဏ္ဍ၏ ဂဟေဆက်အလုပ်အကိုင်တို့နှင့်ပတ်သက်၍ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အသိပညာပေးပွဲများကို ဦးစားပေးဆောင်ရွက်ရန် လျာထားခဲ့ရာ ကျင်းပရန် ကျန်ရှိနေသည့် ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍအတွက် အသိ ပညာပေးပွဲကို ၂၅-၉-၂၀၂၃ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်မြို့၊ LOTTE Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) တွဲဖက်အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပထမအတွင်း ဝန် Mr.Wang Xianzhong၊  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ်၊ ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်နွယ်နှင့်အဖွဲ့ဝင်များ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိ အမှတ်ပြုရေးကော်မတီ (ACC)၊ ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍမှ ကျွမ်းကျင် ပညာရှင်များ၊ NSSA အသိ အမှတ်ပြု Chief Assessor/ Assessor များ၊ လုပ်ငန်းရှင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးဌာနတာဝန်ခံများ၊ ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍအောက်ရှိ  “ဆပ်” ကော်မတီများမှ တာဝန်ရှိသူ များ၊ ဦးစီးဌာနအသိအမှတ်ပြုသင်တန်းကျောင်းများ၊ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း စီမံကိန်းအတွက် ဖွဲ့စည်းထားသည့် (Project Steering Committee- PSC)  အဖွဲ့ဝင်များအပါအဝင် စုစုပေါင်း (၁၃၆) ဦးတက်ရောက်ခဲ့ကြပါသည်။