နေပြည်တော် ဇူလိုင် ၃၁
အလုပ်သမားဝန်ကြီးဌာန အမှုထမ်းဝန်ထမ်းများ၏ အဖွဲ့အလိုက် ကွန်ပျူတာ စာစီ/စာရိုက်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက် ဖွင့်လှစ် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ကွန်ပျူတာ စာစီ/စာရိုက် ပြိုင်ပွဲ ကျင်းပရခြင်းသည် တာဝန်ထမ်းဆောင်နေသည် အမှုထမ်းဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် ဒီဂျစ်တယ်နည်းပညာနယ်ပယ်တွင် အကျွမ်းဝင်မှုရှိစေရန် လိုအပ် သော ကွန်ပျူတာကျွမ်းကျင်မှုစွမ်းရည်ကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ပါ ကြောင်း၊ ယနေ့ခေတ်သည် ကမ္ဘာလုံးဆိုင်ရာနည်းပညာ Digitalization တိုးတက်လာသည် နှင့်အညီ Digital နည်းပညာနှင့် Computer Skill သည် မရှိမဖြစ် အရေးပါသည့် အခန်းကဏ္ဍ တွင်ရှိလာပြီး မိမိတို့၏ ကိုယ်ပိုင်အရည်အသွေးတွေတိုးတက်ရန်နှင့် လုပ်ငန်းနယ်ပယ်များတွင် ဦးဆောင်နိုင်ရန်အတွက် အဓိကဖြည့်တင်းရမည့် Skill များ ဖြစ်ပါကြောင်း၊
ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာစာစီ/စာရိုက်ကို တိကျမြန်ဆန် မှန်ကန်စွာဆောင်ရွက် နိုင်ပါက လုပ်ငန်းခွင်အတွင်း လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ခြင်း (Enhanced productivity)၊ အချိန်ကို စီမံခန့်ခွဲနိုင်ခြင်း (Time Management)၊ ကောင်းမွန်စွာ ဆက်သွယ် ဆောင်ရွက်နိုင်ခြင်း (Effective Communication)၊ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း (Collaboration)၊ ဒေတာများ တိကျမှန်ကန်စွာ ထည့်သွင်းနိုင်ခြင်း၊ AI နည်းပညာအစရှိသော အဆင့်မြင့် နည်းပညာရပ် (Technical advancements) များအား ကောင်းမွန်စွာ လေ့လာအသုံးပြုနိုင်ခြင်း၊ ဝန်ဆောင်မှုများ လျင်မြန်မှန်ကန်စွာ ပေးနိုင်ခြင်း၊ နေရာဒေသမရွေး လုပ်ငန်းများဆောင်ရွက် နိုင်စွမ်းရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊
ကွန်ပျူတာစာစီ/စာရိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ဝန်ထမ်းများအနေဖြင့် မိမိ၏ ကွန်ပျူတာကျွမ်းကျင်မှုစွမ်းရည်ကို အကောင်းဆုံး ထုတ်ဖော်ပြသယှဉ်ပြိုင်သွားကြရန်နှင့် ပြိုင်ပွဲ ပြီးဆုံးပါက မိမိကွန်ပျူတာ ကျွမ်းကျင်မှုဖြင့် ဒီဂျစ်တယ်ခေတ် (Digital Era) နှင့်အညီ မိမိလုပ်ငန်းခွင် တိုးတက်အောင် စဉ်ဆက်မပြတ် လေ့လာ၊ လေ့ကျင့်လုပ်ဆောင်သွားကြရန် ပြောကြားခဲ့သည်။
ပြိုင်ပွဲတွင် ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ပြိုင်ပွဲဝင်အဖွဲ့ (၇)အဖွဲ့မှ ပြိုင်ပွဲဝင်ဝန်ထမ်း (၂၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကွန်ပျူတာ စာစီ/စာရိုက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဝန်ထမ်းများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။