ရန်ကုန် ဩဂုတ် ၂၈
သင်တန်းကျောင်းကို Myanmar and Worldwide Services Co., Ltd မှ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ဗဟန်း မြို့နယ် နှင့် မော်လမြိုင်မြို့တို့တွင် သင်တန်းကျောင်းခွဲများ ရှိကြောင်း၊ ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်လိုသူ လုပ်သားများ အတွက် ဂျပန်ဘာသာစကားနှင့် လုပ်ငန်းကျွမ်းကျင်မှုများကို အရည်အချင်းပြည့်မီစွာ သင်ကြား ပို့ချပေးလျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် သင်္ဃန်းကျွန်းကျောင်းခွဲ၌ ဂျပန် ဘာသာစကားသင်တန်းနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်း ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ အလုပ်သမား (၉၈၄) ဦးကို ဂျပန်နိုင်ငံသို့ စေလွှတ်နိုင်ခဲ့ပါသည်။
ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ် ရေးအတွက် ပုဂ္ဂလိကသင်တန်းကျောင်းများအား အသိအမှတ်ပြုလက်မှတ်ထုတ်ပေး၍ အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းဆင်းများအား ပြည်တွင်း/ပြည်ပအလုပ် အကိုင်များ တိုးတက်ရရှိစေရေး သင်တန်းကျောင်း အသိအမှတ်ပြုလျှောက်ထားမှုများကို စိစစ်ခွင့်ပြုပေး လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် လုပ်သားများအတွက် ဘာသာ စကားနှင့် လုပ်ငန်းကျွမ်းကျင်မှုများအပြင် သက်ဆိုင်ရာနိုင်ငံများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းများသိရှိလိုက်နာရေး၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး အချင်းချင်းစည်းလုံးညီညွတ် စွာဖြင့် အပြန်အလှန်ကူညီဆောင်ရွက်ပေးရေး သင်တန်းများတွင်အလေးထားသင်ကြား ပေးရန်နှင့် သင်တန်းသားများအနေဖြင့် ကျိုးနွံစိတ်ဖြင့်လေ့လာသင်ယူရန်၊ဂျပန်ဘာသာစကားကို တတ်ကျွမ်း စေရေးလေ့လာသွားကြရန်နှင့် မိသားစုနှင့် နိုင်ငံအပေါ်အကျိုးပြုနိုင်သော ကျွမ်းကျင်လုပ်သား များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ သည်။
ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေ့လယ်ပိုင်းတွင် လှိုင်သာယာ (အရှေ့ပိုင်း) နှင့် (အနောက်ပိုင်း)မြို့နယ်များရှိ Bogart Lingerie (Yangon) Co.,Ltd (အထည်ချုပ်)စက်ရုံ၊ Saiform International Garment (Myanmar) Co.,Ltd (အထည်ချုပ်)စက်ရုံနှင့် Dishang Fashion (Myanmar)Co.,Ltd (အထည်ချုပ်)စက်ရုံများအား ကြည့်ရှုစစ်ဆေးပြီး စက်ရုံအစည်းအဝေး ခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့ အစည်းဝင်များ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုလျော့နည်းကျဆင်းစေရေး၊ အလုပ်သမားဥပဒေပါ အကျိုး ခံစားခွင့်များရရှိစေရေး၊လုပ်ငန်းခွင်စည်းကမ်းလိုက်နာစေရေးတို့အတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန်စေတနာထားကာ ယုံကြည်မှုရှိရှိဆောင်ရွက် ရန်လိုကြောင်းနှင့် လုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် စက်ရုံ၏ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးကို အကျိုးသက်ရောက် စေနိုင်ကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိသည်။

