အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                    အောက်တိုဘာ ၁၂

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင် ပြီးစီးခဲ့သူများအနက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများကို ၎င်းတို့ဆန္ဒပြုသည့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နိုင်ရေး၊ ထိုသို့သွားရောက်လုပ်ကိုင်ရာတွင် ကောင်းမွန် သည့် အလုပ်အကိုင်များ ရရှိစေရေး၊ ဝန်ဆောင်ခများ သက်သာစေရေး သို့မဟုတ် အလုပ်ရှင်၏ ကုန်ကျစရိတ်ဖြင့် သွားရောက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ တာဝန်ယူမှု၊တာဝန်ခံမှုရှိသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရှာဖွေပေးခြင်း၊ စာရင်းပြုစုခြင်း၊ အရည်အချင်းစိစစ်ခြင်း၊ ကျွမ်းကျင်မှုသင်တန်းပို့ချခြင်းနှင့် စေလွှတ်ရေးလုပ်ငန်းစဉ်များကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျဆောင်ရွက်ပေးလျက်ရှိပါသည်။

ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်လိုကြောင်း ဆန္ဒပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနက် ပြည်သူ့စစ်မှုထမ်း (၁)ဦးအား ၇-၁၀-၂၀၂၆ ရက်နေ့တွင် Golden Plant Services Co., Ltd အစီအစဉ်ဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရေး စတင်စေလွှတ်ပေးနိုင်ခဲ့ပြီး မလေးရှားနိုင်ငံ၌ လုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင်နေပြီးဖြစ်ပါသည်။

ဆက်လက်၍လည်း ထိုင်းနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းသို့ (၅)ဦးနှင့် မလေးရှားနိုင်ငံရှိ ကုန် ထုတ်လုပ်ငန်းသို့ (၅)ဦးတို့အား အမြန်စေလွှတ်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော် အတွက် တာဝန်ထမ်းဆောင်ပြီးစီးခဲ့သူများနှင့် ၎င်းတို့၏မိသားစုဝင်များ လူမှုစီးပွားဘဝ ပိုမိုကောင်းမွန်တိုးတက်လာရုံမျှမက အနာဂတ်အတွက် ကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။