အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                     ဩဂုတ်

                စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးအတွက် ပြည်တွင်း အလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ (၂/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုများနှင့် လုပ်ငန်းအတွေ့ အကြုံများအရ သင့်လျော်သည့် အလုပ်အကိုင်များရရှိစေရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများအနေဖြင့် ပြည်သူ့စစ်မှုထမ်းများမှ ဆန္ဒပြုသည့် ဌာန၊ လုပ်ငန်းများ၏ HR များနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိစေရေး ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊

          ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအနက် ပြည်တွင်းအလုပ်အကိုင် ပြန်လည်နေရာချထားမှုခံယူလိုသူ နိုင်ငံ့ဝန်ထမ်းလုပ်ကိုင်လိုသူ ၃ ဦးနှင့် ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်လိုသူ ၅ ဦးတို့အား အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များမှ ဆွေးနွေးတင်ပြမှုများအပေါ် ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးမှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။