အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                               ဩဂုတ် ၆

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း သည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံးချုပ် ဂျီနီဗာမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီးဌာနနှင့် International Organization  for Migration (IOM) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားရေးရာဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ  အေဂျင်စီများ၏ အချက်အလက် များနှင့်ပတ်သက်၍ ခိုင်မာသည့် Database System တည်ဆောက်ရာတွင် နည်းပညာပံ့ပိုး ကူညီပေးနိုင်ရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား (Mutual Recognition of Skills-MRS) လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးနိုင် ရေးကိစ္စရပ်များနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်စေလိုသည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့် IOM မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။