အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                       ဇန်နဝါရီ ၁၁

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှု ဇုန်ခန်းမ၌ စက်ရုံ၊ အလုပ်ရုံများများမှ အလုပ်ရှင်၊ မန်နေဂျာ၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင် များနှင့်တွေ့ဆုံ၍ စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရေး၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အလုပ် သမားအဖွဲ့အစည်းဝင်များနှင့် အလုပ်ရှင်များ ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုဖူလုံရေးအကျိုးခံစား ခွင့်များ ရရှိခံစားနိုင်ရေး တွေ့ဆုံမှာကြားခဲ့သည်။

ဒုတိယဝန်ကြီးက ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ဦးစီးဌာနမှ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်နှင့်အလုပ်သမားတို့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုလုပ်ကိုင်ရန်နှင့် အလုပ်သမားရေးရာဥပဒေများကို လေ့လာမှတ်သား၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  

၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းနိုင်ရေး ဦးစီးဌာနများမှလိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အခြေခံ အလုပ်သမားအဖွဲ့အစည်းမှ မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီးအဆင့် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်သမားရေးရာအဖွဲ့တို့ကို အလုပ်သမား များ၏ ဆန္ဒသဘောထားအရ အဆင့်ဆင့်တည်ထောင်ဖွဲ့စည်းနိုင်ကြောင်း၊ အလုပ်သမားအဖွဲ့ အစည်းများကို ဖွဲ့စည်းရာတွင် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်သမားအချင်းချင်းအကြား၊ အလုပ်ရှင်နှင့်အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန် စေရန်၊ စနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း၊  အလုပ်သမားအဖွဲ့အစည်း အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ရာတွင် အလုပ်သမားအဖွဲ့အစည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး မြို့နယ်မှတ်ပုံတင်အရာရှိမှတစ်ဆင့် မှတ်ပုံတင်အရာရှိချုပ်ထံ သတ်မှတ်ချက်နှင့်အညီ တင်ပြဆောင်ရွက်နိုင်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်း၏ အလုပ်အမှု ဆောင်အဖွဲ့ဝင်များသည် လုပ်ငန်းတာဝန်များကို ကောင်းစွာသိရှိလိုက်နာရန်လိုအပ်ကြောင်း၊ အလုပ်အမှုဆောင်အဖွဲ့သည် အလုပ်သမားများကို ကိုယ်စားပြုရန်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးကို အထောက်အကူပြုသည့် အရည်အချင်းမြင့် လုပ်သားများ ပေါ်ပေါက်စေရေး အတွက် လုပ်ငန်းခွင်သင်တန်းများနှင့်ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်ရန်လိုပြီး အလုပ်သမားဥပဒေပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရေး အလုပ်ရှင် နှင့်ညှိနှိုင်းဖြေရှင်းခွင့်ရှိပြီး သဘောတူညီချက်မရရှိခဲ့လျှင် သက်ဆိုင်ရာဥပဒေနှင့်အညီ အလုပ်ရှင်ထံ တောင်းဆိုခွင့်ရှိကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ အထည်ချုပ်စက်ရုံများ ဖြစ်သော General Textile (Myanmar) Apparel Co.,Ltd နှင့် HENGDA (Myanmar) Apparel Co.,Ltd သို့ သွားရောက်၍ အလုပ်ရှင်၊ အလုပ်သမားများအား တွေ့ဆုံအားပေးခဲ့သည်။

စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများ၊ စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်း တင်ပြမှုအပေါ် စက်ရုံအလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများအနေဖြင့် အလုပ် သမားရေးရာဥပဒေများနှင့်အညီ သက်ဆိုင်ရာဌာနများ၏ စည်းကြပ်ဆောင်ရွက်ပေးမှုများကို အလေးထားလိုက်နာရန်၊ အလုပ်ရှင်၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် လုပ်သားများအားလုံး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ပူးပေါင်း ဆောင်ရွက်ရန်၊ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန်စေတနာထားပြီး ယုံကြည်မှုရှိခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေပြီး စက်ရုံ၏ကုန်ထုတ်လုပ်မှုကိုမြှင့်တင်ပေးနိုင်ကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် ရှောင်ရန်၊ ဆောင်ရန်အချက်များကို သိရှိလိုက်နာ ဆောင်ရွက်ရန်နှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍လုပ်သားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအား ပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။