၁။ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ Xusen Myanmar Co.,Ltd အထည်ချုပ် စက်ရုံမှ အလုပ်သမားဦးစည်သူမင်းခန့်အား အလုပ်ထုတ်ခြင်းကိစ္စနှင့်ပတ်သက်၍ အလုပ်သမား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ အောက်ပါအတိုင်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်-
(က) Xusen Myanmar Co.,Ltd အထည်ချုပ်စက်ရုံမှ အလုပ်သမား ဦးစည်သူမင်းခန့် သည် ၈-၇-၂၀၂၅ ရက်မှ ၁၀-၇-၂၀၂၅ ရက်အထိ ခွင့်တိုင်ကြားရန် ပျက်ကွက် ခြင်းကြောင့် ၁၁-၇-၂၀၂၅ ရက်တွင် အလုပ်ရှင်မှ အလုပ်ထုတ်ပယ်ခြင်းအတွက် ၁၂-၇-၂၀၂၅ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်လူမှုဖူလုံရေးရုံး၌ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ညှိနှိုင်းပေးခဲ့ရာ ၎င်းရက်များကို ခွင့်ရက်အဖြစ် ပြန်လည် ခံစားခွင့်ပြုပြီး လုပ်ခလစာ ကိုလည်း (၃) လခံစားခွင့်ပြုခဲ့ပါကြောင်း၊
(ခ) ဦးစည်သူမင်းခန့်သည် ၁၀-၈-၂၀၂၅ ရက်တွင် ကျန်းမာရေးကောင်းမွန်သဖြင့် ၁၁-၈-၂၀၂၅ ရက်မှစ၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန် စက်ရုံမှ အကြောင်းကြားခဲ့သော်လည်း ၎င်းမှ ဆန္ဒမရှိသည့်အတွက် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်မှု မရှိခဲ့ပါကြောင်း။
၂။ သို့ဖြစ်ပါ၍ သတင်းဖော်ပြပါရှိသည့် Xusen Myanmar Co.,Ltd အထည်ချုပ်စက်ရုံမှ အလုပ်သမားများတောင်းဆိုမှု သတင်းဖော်ပြချက်အပြင် မိမိတို့ဌာနအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေး၊ လုပ်ငန်းခွင်တည်မြဲစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရေးတို့အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

