မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်၊တောင်ရင်းကျေးရွာရှိ ဦးကျော်စိန် ပိုင်ဆိုင်သော ကံကောင်းခြင်းရတနာ (JLPC) သစ်အချောထည်စက်ရုံတွင် ၂၀-၃-၂၀၁၄ ရက်နေ့ တွင် အလုပ်သမား (၁၅၀)ဦးသည် စက်ရုံအဝင်ဂိတ်တွင် ဆန္ဒပြတောင်းဆိုလျက်ရှိရာ မြို့နယ် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့မှ ညှိနှိုင်းဖျန်ဖြေပေးခဲ့ရာ ပြေလည်မှုရရှိခဲ့ပြီး၊ လုပ်ငန်းခွင်အေးချမ်းစွာ ဆက်လက် လုပ်ကိုင်လျက်ရှိခဲ့ပါသည်။
ထို့နောက် ၁၉-၅-၂၀၁၄ ရက်နေ့မှ ၂၁-၅-၂၀၁၄ ရက်နေ့အထိ စက်ရုံတွင် အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူညီချက်စာချုပ် ချုပ်ဆိုခြင်းပြုလုပ်ခဲ့ရာမှ စက်ရုံ၌ဝန်ထမ်းအင်အား (၂၀၈၀) ဦး အနက်(၁၅၄၈)ဦးသာ စာချုပ်ချုပ်ဆိုပြီး၊ (၅၃၂)ဦးသည် သဘောတူစာချုပ်ချုပ်ဆိုခြင်းမပြုဘဲ အလုပ်သမားများမှ စာချုပ်ပါ စည်းကမ်းချက်များအား ပြန်လည် ညှိနှိုင်းပေးရန် တင်ပြချက်နှင့် ပတ်သက်၍ အငြင်းပွားမှုထပ်မံ ဖြစ်ပွားခဲ့ပါသည်။
အဆိုပါ အငြင်းပွားမှုအပေါ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီးဦးစီးမှူးများ မှ အဆင့်ဆင့် ညှိနှိုင်းပေးခဲ့ရာ အလုပ်ရှင်မှ အလုပ်သမားများအား ဆက်လက် အလုပ်ခန့်ထား လိုခြင်း မရှိတော့သည့်အပြင် အလုပ်သမားများမှလည်း ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့ပါ သဖြင့် အလုပ်သမားရေးရာဥပဒေနှင့်အညီ အလုပ်ရပ်စဲခြင်းခံထားရသော အလုပ်သမား (၁၂၇)ဦးနှင့် မိမိဆန္ဒအလျောက် အလုပ်မှ နုတ်ထွက်သွားသည့် အလုပ်သမားအင်အား (၃၉၀)ဦး၊ စုစုပေါင်း (၅၁၇) ဦးတို့အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ တာဝန်ရှိသူများ ကြီးကြပ်၍ လုပ်ခကျန်ငွေ ကျပ် ၄၅,၈၇၁,၇၃၁ိ/-၊ နစ်နာကြေး ငွေကျပ် ၂၇၇,၂၉၃,၁၉၇ိ/-၊ လုပ်သက်ခွင့် (၁၀)ရက်အတွက် ငွေကျပ် ၇,၆၉၂,ဝ၀ဝိ/-၊ ခရီးစရိတ်ငွေကျပ် ၁၀,၂၈၀,ဝ၀ဝိ/-၊ စုစုပေါင်းငွေကျပ် ၃၄၁,၁၃၆,၉၂၈ိ/- ကို ထုတ်ပေးပြီးဖြစ်သဖြင့် အဆိုပါ အလုပ်သမားများအား သက်ဆိုင်ရာနေရပ်ဒေသများသို့ပြန်နိုင်ရေးအတွက် မော်တော်ယာဉ် များဖြင့် သွားရောက်လိုသည့် ကားဂိတ်အသီးသီးသို့ စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း သတင်း ရရှိ ပါသည်။

