အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Covid 19 ရောဂါ ကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Stay at home အစီအစဉ်တွင် အကျုံးဝင်သော ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိအာမခံအလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % ကို ဘုတ်အဖွဲ့ဖြင့် စိစစ်ခွင့်ပြုလျက်ရှိရာ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန (၃၁၃) ဌာနမှ အာမခံ အလုပ်သမား (၃၃,၈၀၂) ဦး အတွက် ထောက်ပံ့ငွေ (၂,၃၆၂.၇၃၃) ကျပ်သန်း အား သက်ဆိုင်ရာ လုပ်ငန်းရှင်များသို့ ၅-၁၀-၂၀၂၀ ရက်နေ့မှစ၍ ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်၍ စိစစ်ရေးဘုတ်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၀၊ ၅/၂၀၂၀၊ ၆/၂၀၂၀၊ ၇/၂၀၂၀ နှင့် ၈/၂၀၂၀) တို့အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန (၅၆၈) ဌာနမှ အာမခံ အလုပ်သမား (၄၇,၉၃၀) ဦး အတွက် ထောက်ပံ့ငွေ (၃,၆၃၉.၀၂၇) ကျပ်သန်း အား သက်ဆိုင်ရာ လုပ်ငန်းရှင်များသို့ ၈-၁၀-၂၀၂၀ ရက်နေ့တွင် ခွင့်ပြုထုတ်ပေးခဲ့ပြီး၊ ကျန်တောင်းခံလွှာများ ကိုလည်း ဆက်လက်စိစစ်၍ ထုတ်ပေးသွားမည်ဖြစ်ပါသည်။                       ထုတ်ပေးမည့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများ၏ စာရင်းအသေးစိတ်ကို သက်ဆိုင်ရာ စက်ရုံများသို့ အကြောင်းကြားခဲ့ပြီးဖြစ်သည့်အပြင် ဝန်ကြီးဌာနWebsite တွင် လွှင့်တင်ထားပြီး၊ UMFCCI နှင့် အလုပ်သမားသမဂ္ဂများထံသို့လည်း အချိန်နှင့်တစ်ပြေးညီ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ယနေ့အထိ Stay at home အစီအစဉ်တွင် အကျုံးဝင်သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန စုစုပေါင်း (၈၈၁) ဌာနမှအာမခံအလုပ်သမား(၈၁,၇၃၂)ဦး အတွက် ထောက်ပံ့ငွေ (၆,၀၀၁.၇၆၀) ကျပ်သန်း အား ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။